လက်ရှိချန်ပီယံစပိန် အုပ်စုမှာတင်ထွက်ရပြီ

  • 19 ဇွန် 2014
gary_medel_of_chile_
ချီလီက စပိန်အသင်းကို ဦးဆောင် ကစားစဉ်

လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံ စပိန်ဟာ ချီလီ ကို ၂ဂိုး ပြတ် ရှုံးနိမ့်ခဲ့ ပြီး၊ အုပ်စု အဆင့်မှာ ပဲ ထွက်ရပြီ ဖြစ်ပါ တယ်။ ၁၉၆၂ ခုနှစ် ဘရာဇီး အသင်း နောက်ပိုင်း၊ ကမ္ဘာ့ဖလား မှာ လက်ရှိချန်ပီယံ အဖြစ် ဆက်လက် ထိန်းသိမ်းနိုင် တဲ့ အသင်း ဖြစ်လာလိမ့် မလား လို့ မျှော်လင့် ထားပေမယ့်၊ အုပ်စု အဆင့်မှာ ပဲ ထွက်ရ တဲ့ ၅ သင်းမြောက် လက်ရှိချန်ပီယံ အသင်း ဖြစ်သွားပါ တယ်။

အုပ်စု ဘီ မှာ စပိန်ဟာ နယ်သာလန်ကို ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် ရှုံးခဲ့သလို၊ အခု ဒုတိယ ပွဲစဉ်မှာလည်း၊ စပိန်ဟာ ချီလီကို ပထမပိုင်း ကတည်းက ၂ ဂိုး ပေးခဲ့ရပါတယ်။

ပြင်သစ် လက်ရွေးစဉ်ဟောင်း သီရာယီ အွန်နရီ က၊ ဒီလို လက်ရှိ ချန်ပီယံ အုပ်စုပွဲ က ထွက်ရတဲ့ အတွေ့အကြုံမျိုး၊ သူတို့ ပြင်သစ်အသင်း အနေနဲ့ လည်း ကြုံခဲ့ဖူးတာ မို့၊ စပိန်အသင်း အတွက် ဝမ်းနည်းကြောင်း ပြောခဲ့ပါ တယ်။

နယ်သာလန် အသင်း ကစားသမားဟောင့် ဆေးဒေါ့ဖ်က တော့၊ စပိန် အသင်း လူရွေး မှားခဲ့ကြောင်း နဲ့ အသင်း အနေနဲ့ မစုစည်းမိ ပဲ၊ ရုန်းကန် ကစား နေရတယ် ဆိုပြီး ဝေဖန်ခဲ့ပါ တယ်။

စပိန်အသင်း ဟာ ယူရို ၂၀၀၈၊ ကမ္ဘာ့ဖလား ၂၀၁၀ နဲ့ ယူရို ၂၀၁၂ တို့မှာ ဗိုလ်စွဲခဲ့တုန်း က၊ အဲဒီ့ ပွဲကြီး ၃ ခုလုံးပေါင်း မှ၊ ပေးဂိုး ၆ ဂိုး သာ ရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလား မှာတော့၊ အုပ်စုပွဲ ၂ ပွဲပဲ ကစားပြီး တဲ့ အချိန်မှာ၊ စုစုပေါင်း ၇ ဂိုး ပေးခဲ့ ရပြီး ဖြစ်ပါတယ်။

မနေ့က ဒီ့ပြင့်ပွဲတွေမှာ နယ်သာလန်က ဩစတြေးလျားကို ၃ ဂိုး ၂ ဂိုးနဲ့ နိုင်ခဲ့ သလို၊ ခရိုရေးရှားကလည်း ကင်မရွမ်းကို ၄ ဂိုး ပြတ် နိုင်လိုက်ပါ တယ်။ ဒီကနေ့ မှာ ကိုလံဘီယာနဲ့ အိုင်ဗရီကို့စ်၊ ဂျပန်နဲ့ ဂရိစ်၊ ဥရုဂွေးနဲ့ အင်္ဂလန် တို့ ကန်ကြပါမယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ