အဂတိမှု ဆန့်ကျင်သူ ၃ ဦးကို တရုတ် ထောင်ချ

Image caption ပိုင်ဆိုင်မှုတွေကို ထုတ်ပြောဖို့ တောင်းဆိုတဲ့ New Citizens Movement အဖွဲ့

တရုတ်နိုင်ငံ အစိုးရ အရာရှိကြီးတွေရဲ့ ကြွယ်ဝမှုတွေကို လူသိရှင်ကြား ကြေညာဖို့ တောင်းဆို လှုပ်ရှားသူ ၃ ယောက်ကို ဂျန်ရှီး Jiangxi ပြည်နယ် တရားရုံးက ထောင်ဒဏ် အသီးသီး ချမှတ်လိုက်ပါတယ်။

လျူပင်း Liu Ping နဲ့ ဝေ ဇောင်ပင်း Wei Zhongping ဆိုသူတို့ကို ထောင်ဒဏ် ၆ နှစ်ခွဲ၊ လီ ဆီဟွာ Li Sihua ဆိုသူကိုတော့ ထောင် ၃ နှစ် အပြစ်ပေးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံသားသစ်များ လှုပ်ရှားမှု အဖွဲ့ New Citizens Movement ရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ အဲဒီ ၃ ယောက်ဟာ အစိုးရ အရာရှိကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထုတ်ဖော်ပြောဖို့ တောင်းဆိုတဲ့ စာတမ်းတွေကို ကိုင်ပြီး ဓာတ်ပုံရိုက်ခဲ့အပြီးမှာ ခုလို အဖမ်းခံခဲ့ရတာပါ။

အဲဒီ ဓာတ်ပုံတွေကို အင်တာနက်ပေါ်မှာ ဖြန့်ခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ် အစောပိုင်းကတော့ အဲဒီ လှုပ်ရှားမှု အဖွဲ့ကို တည်ထောင်သူ ဇူ ဇီယောင်း Xu Zhiyong ကို ထောင်ဒဏ် ၄ နှစ် ချခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ