အီရတ်ကို စစ်ရေးအကြံပေးတွေ လွှတ်မယ်

  • 20 ဇွန် 2014
barak_obama_on_iraq_ ဓာတ်ပုံ မူပိုင် Getty
Image caption အမေရိကန် သမ္မတ အိုဘားမား အီရတ်အရေး ပြောကြားစဉ်

အစ္စလာမ်မစ် လက်နက်ကိုင်တွေ ရဲ့ ခြိမ်းခြောက်မှု ကို ရင်ဆိုင်နေရ တဲ့ အီရတ် အစိုးရ ကို ကူညီဖို့၊ အမေရိကန် စစ်ရေး အကြံပေး အယောက် ၃၀၀ လောက် အထိ၊ စေလွှတ် ပေးမယ် ဆိုပြီး၊ သမ္မတ အိုဘားမား က ပြောကြား လိုက်ပါ တယ်။ လိုအပ် လာရင်လည်း၊ အရေးကြီး တဲ့ ပစ်မှတ် နေရာ အတိတကျတွေ ဘာလဲဆိုတာ ဆုံးဖြတ်ပြီး၊ စစ်ရေး အရ အရေးယူ တိုက်ခိုက်ဖို့၊ အမေရိကန် အနေနဲ့ ပြင်ဆင် ထားတယ် လို့၊ သမ္မတ အိုဘားမား က၊ အိမ်ဖြူတော် မှာ ပြောကြားခဲ့ပါ တယ်။

ဒါပေမယ့် မြေပြင်ရင်ဆိုင် တိုက်ပွဲတွေ အတွင်းမှာတော့၊ အမေရိကန်တပ်တွေ ပါဝင်စေမှာ မဟုတ်ဘူးလို့ လည်း မစ္စတာ အိုဘားမား က ပြောပါတယ်။

ဒီအချိန်မှာ ပဲ၊ လက်ရှိ အီရတ် ဝန်ကြီးချူပ် Nouri al-Maliki ကို၊

ရာထူးကနေ နှုတ်ထွက်ပေး ဖို့၊ တောင်းဆို နေကြ တဲ့၊ အမေရိကန် နိုင်ငံရေးသမား တွေ အတော် များများလည်း ရှိနေပါ တယ်။

သမ္မတ အိုဘားမား က၊ လာမယ့် ၁ ရက် ၂ ရက် အတွင်း သူ့ရဲ့ နိုင်ငံခြားရေး ဝန်ကြီး ကို စေလွှတ်ပြီး၊ အီရတ် အကြပ်အတည်းနဲ့ ပတ်သက်ပြီး ဥရောပ နိုင်ငံက ခေါင်းဆောင်တွေ၊ အရှေ့အလယ်ပိုင်း ခေါင်းဆောင်တွေနဲ့၊ ဆွေးနွေးစေမယ် လို့ ပြောပါတယ်။

ဘီဂျီမြို့မှာ ရှိတဲ့ အီရတ် ရဲ့ အကြီးဆုံး ရေနံချက် စက်ရုံကြီး မှာတော့၊ ဆွန်နီ သူပုန်တွေ နဲ့ အစိုးရတပ် အကြား၊ တိုက်ပွဲတွေ၊ အကြီးအကျယ် ဆက်လက် ဖြစ်ပေါ်နေပါတယ်။

အဲဒီ့ ရေနံချက် စက်ရုံဟာ၊ အစိုးရတပ် ရဲ့ ထိန်းချူပ်မှု အောက် မှာ လုံးဝ ရှိပါတယ် ဆိုပြီး၊ အီရတ် စစ်တပ် ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် က ဆိုပါတယ်။

ဒါပေမယ့်၊ စက်ရုံဝင်းထဲ က တချို့နေရာတွေ မှာ၊ အိုင်းဇက် သူပုန်တွေ ရဲ့ အလံဖြစ်တဲ့ အနက်ရောင် အလံတွေ လွှင့်ထူထားတာ တွေ့ရတဲ့ အကြောင်း၊ သတင်း ပေးပို့မှုတွေ ရှိပါတယ်။

ဒါ့အပြင်၊ စက်ရုံဝင်း အပြင်ဘက် မှာ သူပုန်တပ် တွေ ဝန်းရံထား ဆဲ ဖြစ်ပါတယ်။

ဒီရေနံချက် စက်ရုံ ကို၊ မလည်ပတ်နိုင် ပဲ ပိတ်ထား ခဲ့ရတာ၊ ရက် အတန်ကြာပြီ ဖြစ်ပါ တယ်။

ဒီစက်ရုံ ကနေ ချက်လုပ် တဲ့ လောင်စာဆီ အပေါ် မှီခေါ်နေရ တဲ့၊ ကာဒစ္စတန် မှာ၊ တကယ် လောင်စာဆီ မပြတ်တောက် သေးပေမယ့်၊ ပြတ်တောက်တော့မလား ဆိုပြီး စိုးရိမ်မှုတွေ နဲ့၊ လူတွေဟာ၊ အလုအယက် ဝယ်ယူ နေကြပါ တယ်။

အီရတ်နိုင်ငံ ရဲ့ ဒီ့ပြင့် နေရာတွေမှာ လည်း တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေပါ တယ်။ တယ်လ်အယ်ဖာ မြို့ လေဆိပ် ကို၊ အစိုးရတပ် က၊ သူပုန်တွေ လက်ထဲက ပြန်ရအောင်၊ တိုက်ခိုက်နေ သလို၊ သူပုန်တွေက လည်း ဆာမာရာမြို့ တောင်ဘက် မှာ ရှိတဲ့ ကျေးရွာ အတော် များများ ကို ထိန်းချူပ်ထား လိုက်ပြီ လို့ ကြေညာ ထားပါ တယ်။