အီရတ်အရေး ကုလအတွင်းရေးမှုးချူပ် သတိပေး

  • 21 ဇွန် 2014
ban_ki_moon
Image caption ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှုးချူပ် ဘန်ကီမွန်း

အီရတ်နိုင်ငံ မှာ မတူညီတဲ့ ဂိုဏ်းဂန တွေ အားလုံး ပိုမို ပါဝင်နိုင် တဲ့ အစိုးရတစ်ရပ် ဖြစ်လာဖို့ မကြိုးစားပဲနဲ့ တော့၊ အခု ထကြွနေကြ တဲ့ အစ္စလာမ်မစ် သူပုန်တွေ အရေးကို၊ စစ်ရေးအရသာ ဖြေရှင်းမယ်ဆို၊ အခြေအနေ ပိုမို ဆိုးလာနိုင်တယ် ဆိုပြီး၊ ကုလသမဂ္ဂ ရဲ့ အထွေထွေ အတွင်းရေးမှုးချူပ် ဘန်ကီမွန်း က၊ သတိပေး လိုက်ပါတယ်။

အီရတ်နဲ့ ကပ်ရက်ရှိနေ တဲ့၊ ဆီရီးယားထဲ ကို၊ လက်နက်တွေ ဝင်နေသမျှ၊ အီရတ်နိုင်ငံထဲ မှာ တိုက်ခိုက်မှု တွေ ပိုမို ပြန်နှံ့လာလိမ့်မယ် ဆိုပြီးတော့ လည်း၊ မစ္စတာ ဘန်ကီမွန်း က ပြောပါတယ်။

ဒါ့အပြင်၊ ဆီရီးယား အပေါ် ၊ လက်နက်တင်ပို့မှု ပိတ်ပင်တဲ့ အရေးယူမှု ပြုလုပ်ဖို့၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို၊ မစ္စတာ ဘန်ကီမွန်း က တိုက်တွန်းလိုက်ပါတယ်။

ဆီရီးယားဟာ၊ တစနဲ့တစ အဘက်ဘက်က ယိုယွင်း ကျရှုံးနေတဲ့ တိုင်းပြည်ကြီး ဖြစ်လာနေတယ် လို့၊ မစ္စတာ ဘန်ကီမွန်း က၊ ပြောကြားခဲ့သလို၊ ဒီလို တိုင်းပြည်မျိုးထဲ စစ်ခင်းနေကြတဲ့ ဘယ်ဘက်ကို ဖြစ်ဖြစ်၊ အင်အားကြီး တိုင်းပြည်တွေ က စစ်ရေး အကူအညီ ပေးတာမျိုး ဟာ၊ တာဝန်မဲ့ လုပ်ရပ် ဖြစ်တယ် ဆိုပြီးတော့ လည်း ဝေဖန်လိုက်ပါ တယ်။

ဒီအချိန်မှာ ပဲ၊ အီရတ်နိုင်ငံ မှာ အစိုးရ အသစ်တစ်ရပ် ဖွဲ့စည်းဖို့ တိုက်တွန်းသူထဲ မှာ အီရတ် ရှီအာ မွတ်ဆလင်မ်တို့ ရဲ့၊ ဘာသာရေး အရ အထွဋ်မြတ်ဆုံး ခေါင်းဆောင်၊ အယာတိုလာ အလီ အယ်လ် ဆစ္စတာနီ လည်း၊ ပါဝင်လာပါ တယ်။

ပြီးခဲ့တဲ့ သောကြာနေ့ စုပေါင်း ဝတ်ပြုပွဲမှာ၊ အယာတိုလာ အယ်လ် ဆစ္စတာနီ ရဲ့ ကိုယ်စားလှယ်တစ်ဦး ဖတ်ကြားပြခဲ့တဲ့ ထုတ်ပြန်ချက်ထဲ အီရတ်နိုင်ငံကို၊ နိုင်နိုင်နင်းနင်း ကိုင်တွယ် အုပ်ချူပ်နိုင်စွမ်း ရှိတဲ့၊ အစိုးရ အသစ်တစ်ရပ်၊ အမြန်ဆုံး ဖွဲ့စည်းကြဖို့၊ အယာတိုလာကြီးက တိုက်တွန်း ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ