အီရတ် ဆွန်နီသူပုန်တွေ မြို့တွေထပ်မံသိမ်း

  • 22 ဇွန် 2014
isis_in_iraq ဓာတ်ပုံ မူပိုင် Reuters
Image caption အီရတ် အိုင်းဇစ် သူပုန်တွေ

အီရတ်နိုင်ငံမှာ ဆက်လက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ မှာ၊ ဆွန်နီ သူပုန်တွေရဲ့ နယ်မြေ သိမ်းယူ ထိန်းချူပ် နိုင်မှုတွေ ပိုမို ရှိလာပါတယ်။ မဟာဗျူဟာ အရ အရေးပါတဲ့၊ ဆီးရီးယား နယ်ခြားကူး နေရာကို သိမ်းယူ နိုင်ခဲ့သလို၊ ယူဖရေးတီးစ် ချိုင့်ဝှမ်း တလျှောက်ကနေ၊ မြို့တော် ဘဂ္ဂဒက် ရှိရာဆီ ပိုမို နီးကပ်အောင် တက်လာ နိုင်ပါတယ်။

နယ်ခြားကူး နေရာကို၊ ရရှိသွားတဲ့ အတွက်၊ ဆီရီးယားမှာ ရှိတဲ့ တခြား အိုင်းဇစ် သူပုန် တပ်သားတွေဆီ ရောက်အောင်၊ ထောက်ပံ့ရေး လမ်းကြောင်း ပွင့်သွားတယ် ဆိုပြီး၊ အီရတ်မှာ ရှိနေတဲ့၊ ဘီဘီစီ သတင်းထောက် က၊ ပြောပါတယ်။

အယ်လ်-အဲန်ဘာ ဒေသက၊ နောက်ထပ် မြို့ တချို့ကိုလည်း၊ သူပုန်တွေ ထပ်မံ သိမ်းပိုက် လိုက်နိုင်ပါတယ်။ ဒေသခံ ဆွန်နီ လူမျိုးစု ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းပြီး၊ သွေးမြေမကျ သိမ်းယူနိုင်ခဲ့ကြတာ ဆိုပြီး၊ သူပုန်တွေဘက်က ပြောပါတယ်။

သိမ်းယူနေတဲ့ နေရာတွေအရ၊ သူပုန်တွေဟာ၊ မြို့တော် ဘဂ္ဂဒက်ကို ဝိုင်း၀န်း ပိတ်ဆို့ တိုက်ခိုက်နိုင်ဖို့၊ ရည်ရွယ် လှုပ်ရှားနေကြတာ ဖြစ်တယ် ဆိုပြီး၊ သုံးသပ် နေကြပါတယ်။

ဒီအချိန်မှာပဲ၊ ဘဂ္ဂဒက် မြို့တော်ပေါ် မှာ၊ ရှီအာ လက်နက်ကိုင် အုပ်စုတွေကလည်း၊ အင်အားပြ ချီတက်ပွဲ လုပ်လာခဲ့တဲ့ အတွက်၊ အီရတ်နိုင်ငံမှာ ရှိတဲ့ ဂိုဏ်းကနစွဲ ကွဲလွဲမှုတွေ ပိုမို တိုးမြင့်လာတဲ့ အပေါ်၊ စိုးရိမ်မှုတွေလည်း ပိုမို ရှိလာရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ