အီရတ်က အရေးပါတဲ့ ရူဘာမြို့ ကျပြီ

  • 22 ဇွန် 2014
ဓာတ်ပုံ မူပိုင် NON
Image caption သူပုန်တွေရဲ့ ထိုးစစ်ကို ခံခဲ့ရတဲ့ အတွက် အီရတ် အစိုးရ တပ်တွေ ပြန်ဆုတ်ခွာ

အီရတ် နိုင်ငံ အနောက်ပိုင်း အန်ဘာ ပြည်နယ်မှာ ဆွန်နီ မွတ်ဆလင် တွေရဲ့ ISIS အဖွဲ့ ကနေ မြို့တွေကို ဆက်လက် တိုက်ခိုက် သိမ်းယူ နေပြီး၊ အရေး ပါတဲ့ ရူဘာ မြို့ဟာ လည်း ကျသွား ပြီလို့ အီရတ် အာဏာပိုင် တွေက ပြောပါတယ်။

နယ်ခြား ဆိပ်ကမ်း မြို့တွေ ဖြစ်တဲ့ အဲလ်ခိုင်းယ်မ်၊ အနာနဲ့ ရာဝါ မြို့တွေကို သိမ်းယူ ပြီးနောက် နာရီပိုင်း မှာပဲ အခုလို ရူဘာ မြို့ ကျသွား တာ ဖြစ်ပါ တယ်။

ဒီ အခြေ အနေဟာ နိုင်ငံ တကာ အကူ အညီ ရရှိရေး အတွက် အင်မတင်မှ အရေးကြီးတဲ့ အခြေ အနေမျိုး ဖြစ်တယ်လို့ အီရတ် ဝန်ကြီးချုပ်ရဲ့ ပြောခွင့် ရသူက ပြောပါ တယ်။

အီရတ် တပ်ဖွဲ့တွေ ဟာ သူပုန်တွေရဲ့ ထိုးစစ်ကို ခံခဲ့ရတဲ့ အတွက် ပြန်ဆုတ် ခဲ့ကြတယ်လို့ အရာရှိ တွေက ပြောပါတယ်။

စစ်သွေးကြွတွေ ဟာ အန်ဘာ ပြည်နယ် တခုလုံးကို သိမ်းပိုက်ဖို့ ရည်ရွယ် ထားတာ ဖြစ်တယ်လို့ သူပုန် ပြောခွင့်ရသူ တဦးက ဘီဘီစီကို ပြောပါတယ်။

အီရတ် အစိုးရ ကတော့ သူပုန်တွေ သိမ်းထားတဲ့ ဘဂ္ဂဒက် မြောက်ဘက်ပိုင်းက တီကရစ် မြို့ကို လေကြောင်းက တိုက်ခိုက်နေ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ