အီရတ်ရှိ အရေးပါတဲ့ မြို့ကြီး၄မြို့ သူပုန်လက်ထဲကျ

  • 22 ဇွန် 2014
ဆွန်နီသူပုန်များမြို့ထဲဝင်လာ ဓာတ်ပုံ မူပိုင် AP
Image caption ဆွန်နီသူပုန်များမြို့ထဲဝင်လာ

ဆီးရီးယားနယ်စပ်က al Waleed နယ်ခြားစခန်းကို သေနတ်သမားတွေက သိမ်းပိုက်နိုင်သလို အစိုးတပ်ဖွဲ့တွေ ဆုတ်သွားပြီးနောက် ဂျောဒန်နယ်စပ် တရာဘီမြို့ကို လည်းသိမ်းပိုက်နိုင်ပါတယ်။

ဒီလိုနယ်စပ် စခန်းတွေသိမ်းနိုင်တာ ကြောင့်အခုအခါ အိုင်စစ် သူပုန်တွေဟာ စစ်ပွဲဖြစ်တဲ့နေရာတွေကို စစ်လက်နက်ပစ္စည်းတွေ သယ်ယူပို့ဆောင်နိုင်ပြီလို့ အကဲခတ်တွေက ပြောပါတယ်။ နယ်စပ်မြို့တွေ သိမ်းပြီးနောက်မကြာမီပဲ အရေးကြီးတဲ့ ရတ်ဘာမြို့လည်း ကျသွားတယ်လို့အာဏာပိုင်တွေကပြောပါတယ်။

ဘက်ဒက်မြို့မြောက်ဖက် နဲ့ အရှေ့မြောက်၄၅မိုင်လောက်မှာ ကြိုးကြားတိုက်ပြီး ဆွန်နီသူပုန်တွေ အခုဆက်ရွေ့လျားနေ ပါတယ်။ ဒါဟာဘက်ဒက် အနောက်ဘက် ဆွန်နီအများစုရှိတဲ့ အင်ဘာကို ရွှေ့တာဖြစ်ပြီး အဲဒီဒေသခံတွေကလည်း အင်အားတောင့်တင်းပါတယ်။ နယ်စပ်ခန်းတွေကို သူပုန်သိမ်းလိုက်တာကလည်း ခုအခါ နိုင်ငံအနောက်ဘက်နယ်စပ်တွေကို စစ်တပ်က လက်လွှတ်လိုက်ရတာဖြစ်ပါတယ်။

အခုလို အကြပ်အတည်းတွေမဖြစ်မီကတဲက ဘက်ဒက်ကမိုင်၂၀လောက်ပဲကွာတဲ့ ဖါလူဂျာမြို့ကို သူပုန်တွေက ဇန္နဝါရီလကတည်းက ယူထားပြီး ရာမဒီမြို့တဝက်လောက်လည်း သူပုန်တွေရထားပါတယ်။

နေရာအတော်များများမှာ စစ်တပ်နဲ့ရဲတွေဟာ သွေးထွက်သံယိုမှုကို ရှောင်ပြီး စခန်းကထွက်ပြေးလို့ စစ်သွေးကြွတွေ အေးအေးဆေးဆေး တက်လာနိုင်ပါတယ်။ မြောက်ပိုင်းက တာလ်အာဖါမြို့မှ အရေးပါတဲ့ လေဆိပ်ကိုသူပုန်တွေရသွားပြီဆိုတဲ့ သတင်းသာမှန်မယ်ဆိုရင် လေဆိပ်ကနေ အခြေခံပြီး အနီးက မိုဆူးမြို့ကို ပြန်တိုက်မယ့်အစိုးရအတွက်တော့ သတင်းဆိုးဖြစ်မယ်လို့ ဘီဘီစီသတင်းထောက်ဂျင်မူယားက ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ