အီရတ် ရေနံစက်ရုံ သူပုန်သိမ်း

  • 23 ဇွန် 2014
 Baiji ဓာတ်ပုံ မူပိုင် Reuters
Image caption လောင်စာ တွက် ရေနံချက် စက်ရုံကို သိမ်းဖို့ လို

အီရတ် နိုင်ငံ ဘဂ္ဂဒက် မြို့တော် မြောက်ဘက် Baiji က နိုင်ငံရဲ့ အကြီးဆုံး ရေနံချက် စက်ရုံကြီးကို ဆွန်နီ သူပုန် တွေက လုံးဝ သိမ်းပိုက် လိုက်ပြီလို့ သိရ ပါတယ်။

ရေနံချက် စက်ရုံကို သူပုန် တွေ ဝင်စီးထားတာတော့ ၁ဝ ရက်လောက် ရှိနေပြီး သိမ်းပိုက်နိုင်ဖို့ အကြိမ်ကြိမ် ကြိုးစား ခဲ့ရပါတယ် ။

ရေနံစက်ရုံကို အုပ်ချုပ်ဖို့ ဒေသခံ မျိုးနွယ်စု တွေကို လွှဲပေး သွားမယ်လို့ သူပုန် အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် က ပြောကြား ပါတယ်။

ဘဂ္ဂဒက်ကို ဆက်ချီတက်မယ် လို့လဲ သူက ဆိုပါတယ်။

သူပုန် သိမ်းထားတဲ့ နယ်မြေ တွေနဲ့ မိုဆူး မြို့ကြီးကို ဓာတ်အား ပေးဖို့ Baiji ရေနံချက် စက်ရုံကို သိမ်းပိုက် ဖို့ လိုတယ် လို့ အီရတ် မြောက်ပိုင်း က ဘီဘီစီ သတင်းထောက် က ပြောကြား ပါတယ်။

ဒီလို သူပုန် အရေးသာ နေချိန် မှာပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘဂ္ဂဒက် မြို့မှာ ရောက်ရှိ နေပါတယ်။

ဆွန်နီလက်နက်ကိုင် တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှု တွေကို တွန်းလှန် နိုင်ဖို့ ဘက်ပေါင်းစုံ ပါတဲ့ အစိုးရ တခု ဒီလကုန်မှာ ဖွဲ့ဖို့ အီရတ် ဝန်ကြီးချုပ် နိုရီ အယ်လ် မာလီကီနဲ့ တခြား ခေါင်းဆောင် တွေ သဘောတူ နိုင်ခဲ့တယ် လို့ ဂျွန်ကယ်ရီ က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ