ဂျွန်ကယ်ရီ ဘဂ္ဂဒက် ရောက်ရှိ၊ ဆူနီတွေ မြို့ ထပ်သိမ်း

  • 23 ဇွန် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဂျွန်ကယ်ရီနဲ့ အီရတ် ဝန်ကြီးချုပ် ဘဂ္ဂဒက်မှာ တွေ့စဉ်။

အီရတ်နိုင်ငံ အနောက်မြောက်ပိုင်း တလျှောက်က မြို့တွေကို ဆူနီ လက်နက်ကိုင်တွေ ဆက်လက် ထိန်းချုပ် သိမ်းပိုက်နေချိန်မှာပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီဟာ အီရတ် နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ ဘဂ္ဂဒက်မြို့မှာ တွေ့ဆုံ ဆွေးနွေးနေပြီး အားလုံး ပါဝင်တဲ့ အစိုးရ အဖွဲ့သစ် ဖွဲ့ရေးအတွက် တိုက်တွန်း ပြောဆိုမယ်လို့ ယူဆရပါတယ်။

မစ္စတာ ကယ်ရီဟာ အီရတ် ဝန်ကြီးချုပ် နူရီ အယ်လ် မာလီကီနဲ့ တွေ့ဆုံခဲ့ပြီး ဆူနီ၊ ရှီးယားနဲ့ ကာ့ဒ်စ် ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။

အီရတ် နိုင်ငံခြားရေး ဝန်ကြီး ဟော့ရှ်ယာ ဇီဘာရီ ကတော့ အစိုးရသစ် ဖွဲ့ရေးကို ဦးတည်တဲ့ လုပ်ဆောင်ချက်တွေကို အီရတ် အစိုးရ ကိုယ်တိုင် ဆောင်ရွက်နေကြောင်းနဲ့ အခုအခါ ရွေးကောက်ပွဲ ရလဒ်တွေကို အသိအမှတ် ပြုပြီးပြီမို့ ဒီလုပ်ငန်းစဉ်ကို စတင် ဆောင်ရွက်တော့မှာ ဖြစ်ကြောင်း ပြောပါတယ်။

မစ္စတာ ကယ်ရီ အီရတ်ကို ရောက်မလာခင် အချိန်ပိုင်းမှာပဲ ဆူနီ လက်နက်ကိုင်တွေက စစ်ရေးအရ အရေးပါတဲ့ တယ်လ် အဖါ မြို့က စစ် လေတပ်စခန်းကို သိမ်းပိုက်ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ