ဖိလစ်ပိုင် သမ္မတဟောင်းရဲ့သား ရဲထံ အဖမ်းခံ

  • 23 ဇွန် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတဟောင်း အက်စ်ထရာဒါရဲ့သား ရဲထံ လာရောက် အဖမ်းခံစဉ်

ဖိလစ်ပိုင် နိုင်ငံမှာ သမ္မတဟောင်း ဂျိုးဇက် အက်စ်ထရာဒါ Joseph Estrada ရဲ့ သားဖြစ်သူ ဂျိုးစ် အက်စ်ထရာဒါ Jose Estrada ဟာ နိုင်ငံရေးသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို အသုံးချပြီး ချမ်းသာ ကြွယ်ဝအောင် လုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရ အပြီးမှာ ရဲတပ်ဖွဲ့ထံမှာ သူ့ကိုယ်သူ လာရောက် အဖမ်းခံလိုက်ပါတယ်။

ဆီးနိတ် လွှတ်တော် အမတ်ဖြစ်တဲ့ ဂျိုးစ် အက်စ်ထရာဒါဟာ ရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့ရာမှာ လက်ရှိ မနီလာ မြို့တော်ဝန် ဖြစ်တဲ့ သူ့ဖခင်ကို အဖော်အဖြစ် ခေါ်လာခဲ့ပါတယ်။

သူဟာ ဆင်းရဲ မွဲတေမှု ပပျောက်ရေး စီမံကိန်းတွေအတွက် သုံးစွဲဖို့ လျာထားတဲ့ ဒေါ်လာ ၄ သန်း ကျော်လောက်ကို ကိုယ်ကျိုးအတွက် သိမ်းထားတယ် ဆိုပြီးလည်း တရားစွဲ ခံထားရပါတယ်။

ဒီ စွပ်စွဲချက်တွေကိုတော့ သူက လက်မခံဘဲ ငြင်းဆိုထားပါတယ်။

ဖိလစ်ပိုင် နိုင်ငံမှာ အဂတိ လိုက်စားမှု ပြဿနာဟာ ကာလတာရှည် အမြစ်တွယ် ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ