ရဲဘော် ၅ ဦးကို ပစ်သတ်တဲ့ တပ်ကြပ်ကို ဖမ်းမိ

  • 23 ဇွန် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ထွက်ပြေးသွားတဲ့ တပ်ကြပ်ကို အင်အား အလုံးအရင်းနဲ့ ရှာဖွေခဲ့

တောင်ကိုရီးယား နိုင်ငံမှာ ရဲဘော်ရဲဘက် စစ်သား ၅ ဦးကို သေနတ်နဲ့ ပစ်သတ်ပြီး ထွက်ပြေး တိမ်းရှောင်နေခဲ့သူ တပ်ကြပ် တစ်ယောက်ကို အခုအခါ ဖမ်းဆီးမိထားပြီလို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

အသက် ၂၂ အရွယ် အဲဒီ တပ်ကြပ်ဟာ ထွက်ပြေး တိမ်းရှောက်ခဲ့ပြီးနောက် သေကြောင်းကြံဖို့ ကြိုးစားတဲ့ အနေနဲ့ သူ့ကိုယ်သူ သေနတ်နဲ့ ပစ်ခဲ့ပုံ ရပြီး အခုအခါ ဆေးရုံတင်ထားတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

စနေနေ့ညတုန်းက စစ်သား ၅ ဦးကို ပစ်သတ်ကာ တခြားလူ ၇ ဦးကို ဒဏ်ရာရသွားစေခဲ့ အပြီး သူ့ရဲ့ ရိုင်ဖယ် သေနတ်နဲ့ ထွက်ပြေး လွတ်မြောက်သွားတဲ့ အဲဒီ တပ်ကြပ်ကို အင်အား အလုံးအရင်းနဲ့ လိုက်လံ ရှာဖွေ ခဲ့ကြပါတယ်။

တနင်္ဂနွေနေ့တုန်းက သူ့ကို လိုက်ရှာတဲ့ တပ်ဖွဲ့ဝင်တွေကို အဲဒီ တပ်ကြပ်က ပြန်လည် ပစ်ခတ်ခဲ့တဲ့အတွက် တပ်ဖွဲ့ ခေါင်းဆောင် ဒဏ်ရာ ရသွားခဲ့ပါသေးတယ်။

သူ့ရဲ့ ရဲဘော်ရဲဘက်တွေကို ဘာ့ကြောင့် ခုလို ရန်ရှာ တိုက်ခိုက်ခဲ့တာလဲ ဆိုတာ အသေအချာ မသိရပေမယ့် သူဟာ စိတ်ရောဂါ ရှိခဲ့ဖူးတယ်လို့ ယူဆရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ