ဆူဒန်သူ ပြန်လွတ်ပြီ

  • 23 ဇွန် 2014
Meriam Ibrahim
Image caption Meriam တို့ မိသားစု လုံခြုံ ဘေးကင်းရာမှာ ရှိ

အစ္စလာမ် အယူကို စွန့်ပယ်မှုနဲ့ အရင်လက သေဒဏ် ပေးခံ ခဲ့ရတဲ့ ဆူဒန်သူ Meriam Ibrahim ကို အယူခံနဲ့ ပြန်လွှတ် လိုက်ပြီ ဖြစ်ပါတယ်။

အကျဉ်းထောင်ထဲ သမီး ကလေး မီးဖွား ခဲ့ရတဲ့ Meriam တို့ အမှုက ကမ္ဘာတုန်အောင် ကျော်ကြား သွားရပါတယ်။

ခရစ်ယာန် ဘာသာဝင်ကို လက်ထပ်လို့ အိမ်ထောင်ရေး စည်းဖောက်မှုနဲ့ သူ့ကို ကြိမ်ဒဏ် တရာ ရိုက်ဖို့လဲ ဆူဒန် အောက်ရုံး တရုံးက ပြစ်ဒဏ် ချမှတ် ခဲ့ပါတယ်။

လွတ်လာပေမယ့်လဲ သူ့ကို ရန်ရှာ ခံရမှာ စိုးရိမ် နေကြ ပါတယ်။

ခုတော့ Meriam တို့ မိသားစု လုံခြုံ ဘေးကင်းရာမှာ ရှိပါတယ်လို့ သူ့ ရှေ့နေ တယောက်က ဘီဘီစီကို ပြောပါတယ်။

သူတို့ လင်မယား ဆူဒန်က အမြန်ဆုံး ထွက်သွားရဖို့ မျှော်လင့်တယ်လို့ ခင်ပွန်း ဖြစ်သူ Daniel Wani က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ