ရုရှားလိုလားတဲ့ သူပုန်တွေ အပစ်ရပ်ဖို့သဘောတူ

  • 23 ဇွန် 2014
သူပုန်အဖွဲ့ခေါင်းဆောင် ဘရွန်ဒိုင် ဓာတ်ပုံ မူပိုင် AP
Image caption သူပုန်အဖွဲ့ခေါင်းဆောင် ဘရွန်ဒိုင်

ကိယက်မှာရှိတဲ့ယူကရိန်းအစိုးရကို ဆန့်ကျင်နေတဲ့Donestk ပြည်သူ့သမ္မတနိုင်ငံလို့နာမည်တပ်ထားတဲ့ အဖွဲ့ခေါင်းဆောင် အယ်လက်ဇန္ဒာ ဘရိုဒိုင်က အပစ်အခတ်ရပ်စဲရေးကို ကြေညာပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က ယူကရိန်း သမ္မတသစ် ပက်ထရိုပရိုရှင်ကို က အချက်၁၅ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်နဲ့ တပတ်အပစ်ရပ်ဖို့ကြေညာပါတယ်။ ပဏာမ ဆွေးနွေးပွဲတက်ပြီးတဲ့နောက် ဘရိုဒိုင်အခုလို ပြောလိုက်တာဖြစ်ပါတယ်။

ကိယက်မှာရှိတဲ့ အစိုးရကြေညာချက်အပေါ်ရုရှားသမ္မတ ပူတင်က သတိနဲ့ကြိုဆိုလိုက်ပါတယ်။ အဲဒီအစီအစဉ်မှာ ဗဟိုက အာဏာချုပ်ကိုင်မှု လျှော့ချရေး ရွေးကောက်ပွဲစောကျင်းပဖို့နဲ့ ယူကရိန်းရုရှားနယ်စပ်မှာ ၆မိုင် ကြားခံဇုံ တည်ထောင်ရေးတို့ပါဝင်ပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေ နိုင်ငံအရှေ့ပိုင်းက မဆုတ်သရွေ့ လက်နက်ချမှာ မဟုတ်ဘူးလို့သူပုန်တွေကပြောပါတယ်။ စစ်သွေးကြွတွေဟာ ဒေါညက်နဲ့ လူဟန့်ခ်ရှိအရေးပါတဲ့အဆောက်အအုံတွေကို သိမ်းထားတုန်းဖြစ်ပါတယ်။

ယူကရိန်းအရှေ့ပိုင်းမှာ ကြီးထွားလာနေတဲ့ စစ်ပွဲတွေပြီးဆုံးရေးအတွက် အပစ်ရပ်ရေး ကြေညာတာဟာ ပထမခြေလှမ်းဖြစ်ပြီး သိသာတဲ့တိုးတက်မှုဖြစ်ပါတယ်။

ငြိမ်းချမ်းရေးအတွက် အတားအဆီးတွေတော့ရှိပါတယ်။ ဥရောပအရာရှိတွေက ယူကရိန်းနဲ့ အမေရိကန်တို့ပြောတဲ့အသံအတိုင်း ရုရှားဟာလက်နက်ကိုင်တွေကို သူတို့နယ်ဘက် ဖြတ်ခွင့်ပြုနေတယ်လို့စွပ်စွဲပါတယ်။ ရုရှားသမ္မတကတော့ပရိုရှန်ကိုအနေနဲ့သူပုန်တွေနဲ့တိုက်ရိုက်ညှိဖို့ပြောနေပါတယ်။ အကြမ်းဖက်သမားတွေနဲ့မညှိဘူးလို့သူကတုံ့ပြန်နေပါတယ်။ သောကြာနေ့ကျရင်ပြန်တိုက်နိုင်ကြပေမယ့် အခုအချိန်မှာတော့ သတ်ဖြတ်မှုတွေ ရပ်ဆိုင်းပြီး ၂ဖက်ကြား ရှေ့လှမ်းဖို့အသက်ရှုခွင့်ရတာကိုက အောင်မြင်မှုဖြစ်တယ်လို့ ကိယက်မှ ဘီဘီစီသတင်းထောက် ဒေးဗစ်စတန်းကပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ