နိုက်ဂျီးရီးယားမြို့တော်မှာ ပေါက်ကွဲမှုကြီးဖြစ်

  • 25 ဇွန် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အဘူဂျာမှာ ပေါက်ကွဲမှုကြီး ထပ်ဖြစ်

နိုက်ဂျီးရီးယားမြို့တော် အဘူဂျာက ကုန်ပဒေသာဆိုင်ကြီး တခုအနီး ကြီးမားတဲ့ ပေါက်ကွဲမှုကြီးတခု ဖြစ်ပွားခဲ့ပါတယ်။

လူအများနဲ့ စည်ကားနေချိန်မှာ ပေါက်ကွဲခဲ့တာ ဖြစ်လို့ အနီးဝန်းကျင်မှာ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပြန့်ကျဲနေခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

အရေးပေါ်ဌာနရဲ့ အပြောအရ ၂၁ ဦးထက်မနည်း သေဆုံးပြီး ၅၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ဒီပေါက်ကွဲမှုဟာ ဗုံးကြောင့်ဖြစ်တာလို့ ပြောပါတယ်။

ပေါက်ကွဲသံကို မိုင်အတော်ဝေးဝေးက ကြားရပြီး ပေါက်ကွဲမှုကြောင့် ကုန်ပဒေသာဆိုင် အပြင်မှာ ရပ်ထားတဲ့ ကားအများအပြား ပျက်စီးသွားခဲ့ပါတယ်။

ဘယ်သူတွေက ဗုံးကို ဖေါက်ခွဲခဲ့တယ် ဆိုတာ မသိရသေးမယ့် အစ္စလမ်မစ် ဘိုကိုဟာရမ်အဖွဲ့ဟာ အဘူဂျာမြို့မှာ မကြာခဏ ဗုံးဖေါက်ခွဲတိုက်ခိုက်မှုတွေ လုပ်နေခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ