ရုရှားကို အနောက်အုပ်စု ထပ်မံ သတိပေး

  • 25 ဇွန် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ယူကရိန်း အရှေ့ပိုင်းက အဓိက အဆောက်အအုံတွေကို ရုရှား လိုလားသူတွေ သိမ်းထားဆဲ

ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာကဲလ်က ယူကရိန်း အရှေ့ပိုင်းမှာ ငြိမ်းချမ်းရေး ရရှိဖို့ တိုးတက်မှုတွေ နှေးကွေးနေမယ် ဆိုရင် ဥရောပ သမဂ္ဂ အနေနဲ့ ရုရှားကို နောက်ထပ် ပိတ်ဆို့ အရေးယူနိုင်တယ်လို့ ပြောပါတယ်။

နေတိုး ခေါ် မြောက်အတ္တလန်တိတ် စစ်ရေး မဟာမိတ် အဖွဲ့ အကြီးအကဲ အာနာ့စ်ဖို ရပ်စ်မူဆင် Anders Fogh Rasmussen ကလည်း ယူကရိန်းမှာ ရုရှားရဲ့ တရားမဝင် လုပ်ဆောင်မှုတွေကို ရပ်ဆိုင်းဖို့နဲ့ နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာပြီး နောက်ဆုတ်ဖို့ ရုရှားနိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။

ဘရပ်ဆဲလ်မှာ နေတိုး နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ဆွေးနွေးအပြီးမှာ နေတိုးအဖွဲ့ အကြီးအကဲ Anders Fogh Rasmussen က ရုရှားဟာ နိုင်ငံတကာ စည်းကမ်းတွေကို လေးစားလိုက်နာတဲ့ လက္ခဏာ မတွေ့ရကြောင်း၊ ဒါကြောင့် နေတိုးနဲ့ ရုရှား ဆက်ဆံရေးကို ပြန်လည် သုံးသပ်ပြီး ရှေ့ဆက် ဘာလုပ်မယ်ဆိုတာ ဆုံးဖြတ်ရမှာ ဖြစ်ကြောင်း ပြောသွားပါတယ်။

ယူကရိန်း အနေနဲ့ သူ့ကိုယ်သူ ကာကွယ်နိုင်တဲ့ စွမ်းရည် ပိုခိုင်မာလာအောင် ဆောင်ရွက်မှုတွေ ထပ်လောင်း လုပ်ဆောင်ဖို့ နေတိုး မဟာမိတ်တွေက သဘောတူခဲ့ကြတယ်လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ