လူးဝစ် ဆွာရက်ဇ် ကစားခွင့် ၄ လ အပယ်ခံရ

  • 26 ဇွန် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption လူစွမ်းကောင်းကနေ လူကြမ်း ဖြစ်သွားတဲ့ ဆွာရက်ဇ်

အီတလီ နောက်ခံလူ ဂျော်ဂျီယို ချီလီနီရဲ့ ပခုံးကို ကိုက်ခဲ့တဲ့ ဥရုဂွေး တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်ကို ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် ဖီဖာက ပွဲကစားခွင့် ၄ လ ပိတ်ပင်လိုက်ပါတယ်။

ဖီဖာရဲ့ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့က ဆွာရက်ဇ်ကို အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ခုလို ပြစ်ဒဏ် ချခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ပွဲပယ်ကာလ ၄ လအတွင်းမှာ ရှိနေတဲ့ လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲ အစပိုင်း ၉ ပွဲမှာ ပါဝင်ကစားခွင့် ရမှာ မဟုတ်ပါဘူး။

ဒါ့အပြင် ဆွာရက်ဇ်ဟာ သူ့ရဲ့ နိုင်ငံအသင်း ဥရုဂွေး ကစားရမယ့် ကမ္ဘာ့ဖလား လက်ကျန် ပွဲတွေ အပါအဝင် နိုင်ငံတကာပွဲ ၉ ပွဲ ကစားခွင့်ကိုလည်း ပိတ်ပင်ခံလိုက်ရပါတယ်။

လူးဝစ် ဆွာရက်ဇ်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကစားခဲ့တဲ့ အီတလီ အသင်းနဲ့ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်မှာ ပွဲချိန်အတွင်း အီတလီ နောက်ခံလူကို ကိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ