ဆီရီးယားအရေး အမေရိကန် တရားဝင် စွက်ဖက်ပြီ

  • 27 ဇွန် 2014
barak_obama ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန် သမ္မတ အိုဘားမား

ဆီးရီးယားမှာ ရှိတဲ့ အတိုက်အခံ လက်နက်ကိုင်တွေ ကို၊ လေ့ကျင့်ပေးဖို့ နဲ့ လက်နက် တပ်ဆင်ပေး ဖို့၊ ဒေါ်လာ သန်း ၅၀၀ အသုံးပြုခွင့် ကို၊ အမေရိကန် ကွန်ဂရက်စ် လွှတ်တော် ထံကနေ၊ သမ္မတ အိုဘားမား က တောင်းဆို လိုက်ပါ တယ်။

အဲ့ဒီ့ ဆီးရီးယား အတိုက်အခံ တိုက်ခိုက်ရေး သမားတွေ ဟာ၊ ဆီးရီးယား အစိုးရကိုရော၊ အယ်လ်ကိုင်းဒါး အဖွဲ့နဲ့ အဆက်အစပ် ရှိပြီး အီရတ် နိုင်ငံထဲကို ပါ ဝင်ထွက်လို့ရအောင် နယ်မြေတွေ ထိန်းချူပ်ထားနိုင် တဲ့ အိုင်းဇစ် စစ်သွေးကြွ အုပ်စုကိုပါ၊ တိုက်ခိုက် နေကြသူတွေ ဖြစ်ပါတယ်။

ဘယ်သူတွေဟာ အစွန်းရောက် အုပ်စုတွေ မဟုတ်ဘူးလဲ ဆိုတာ သေချာ စမ်းစစ် သုံးသပ်ပြီးမှ၊ အမေရိကန် အစိုးရ အနေနဲ့ လေ့ကျင့် ထောက်ပံ့မှုတွေ ပြုလုပ်မှာ ဖြစ်တယ် လို့ အိမ်ဖြူတော်က ပြောပါတယ်။

သမ္မတ အိုဘားမားရဲ့ အခုလို တောင်းခံခဲ့မှု ကို၊ ကွန်ဂရက်စ် လွှတ်တော်ကသာ သဘောတူလိုက်ပြီ ဆိုရင်၊ ဒါဟာ ဆီးရီးယား ပြည်တွင်းစစ် ပဋိပက္ခမှာ၊ အမေရိကန်က စစ်ရေးအရ ပထမဆုံးအကြိမ် တိုက်ရိုက် ပါဝင်လာမှု ဖြစ်လာမှာပါ။ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေကတော့ ဆီရီးယား သူပုန်တွေ ကို၊ လျှို့ဝှက် အစီအစဉ်တွေ နဲ့၊ ကူညီ နေနှင့်ပြီး ဖြစ်ပါတယ်။

ဒီအချိန်မှာပဲ၊ အီရတ်နိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ဆွန်နီသူပုန်တွေ ရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်နိုင်ဖို့ နဲ့၊ အစိုးရ ခြေလျင်တပ်တွေ ကို၊ လေကြောင်းက အကူအညီ ပေးနိုင်ဖို့၊ အီရတ် အစိုးရ အနေနဲ့၊ တခြား တိုင်းပြည်တွေကနေ၊ တိုက်လေယာဉ်တွေ အမြန်ဆုံး ဝယ်ယူခဲ့သင့်တယ် ဆိုပြီး၊ အီရတ် ဝန်ကြီးချူပ် နူရီ အယ်လ်- မာလီကီ က၊ ပြောလိုက်ပါတယ်။

သူပုန်တွေရဲ့ လက်ရှိ ထကြွနေမှုကို၊ သူဦးဆောင်တဲ့ အစိုးရ အနေနဲ့ မဟန့်တား နိုင်တာဟာ၊ အီရတ် အနေနဲ့၊ အမေရိကန် အပေါ် မှီခိုနေရ လို့ ဖြစ်တယ် ဆိုတဲ့ သဘော၊ မစ္စတာ မာလီကီက ရည်ရွယ် ပြောဆိုခဲ့တာပါ။ အီရတ်ဟာ အခုဆို ရုရှားနဲ့ ဘေလာရုစ်တို့ ကနေ၊ တစ်ပတ်ရစ် တိုက်လေယာဉ် တွေ၊ ဝယ်ယူထားပြီး၊ မကြာခင် အီရတ်ကို အဲဒီ့ လေယာဉ်တွေ ရောက်လာတော့မယ် ဆိုပြီး၊ မစ္စတာ မာလီကီ က ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ