အာဏာသိမ်းဖို့ ထိုင်းစစ်တပ် ကြိုတင် မစီစဉ်ခဲ့ဟု ဆို

  • 26 ဇွန် 2014
Image caption ဒုဗိုလ်ချုပ်ကြီး Chatchalerm Chalermsukh ကို ဘီဘီစီက မေးမြန်းစဉ်

ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းဖို့ အရင်ကတည်းက ကြိုတင် စီစဉ်ခဲ့တာ မဟုတ်ကြောင်း ထိုင်း အဆင့်မြင့် ဗိုလ်ချုပ်ကြီး တစ်ဦးက ပြောပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး ချပ်ချလမ် ချလမ်ဆု Chatchalerm Chalermsukh က ဘီဘီစီနဲ့ သီးသန့် မေးမြန်းမှုမှာ ခုလို ပြောကြားတာ ဖြစ်ပါတယ်။

စစ်တပ်ကနေ လပေါင်းများစွာ ကြိုတင် ပြင်ဆင်ခဲ့တာ ဖြစ်ကြောင်း အာဏာသိမ်းမှုကို ထောက်ခံတဲ့ နိုင်ငံရေး အဖွဲ့တစ်ခုရဲ့ ပြောဆိုမှုအပေါ် ဒုဗိုလ်ချုပ်ကြီးက ခုလို တုံ့ပြန်လိုက်တာပါ။

လောလောဆယ် နိုင်ငံရေးသမားတွေ၊ ပညာရှင်တွေ၊ တက်ကြွ လှုပ်ရှားသူတွေကို ဖမ်ဆီးနေတာဟာ ကသောင်းကနင်း ဖြစ်ခဲ့တဲ့ အခြေအနေတွေကို ငြိမ်သွားအောင် ထိန်းတဲ့ သဘောပဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်ကို မကြာခင် စတင်ဖို့ ရှိတယ်လို့ ဗိုလ်ချုပ်ကြီးက ကတိပေးခဲ့ပြီး နိုင်ငံတွင်းမှာ ကြောက်ရွံ့ ထိတ်လန့်မှုတွေ ရှိနေတယ် ဆိုတာကိုလည်း ငြင်းဆိုသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ