အဆင့်မြင့် ဒုံးကျည် မြောက်ကိုရီးယား စမ်းသပ်နိုင်

  • 27 ဇွန် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဒုံးကျည် စမ်းသပ် ပစ်လွှတ်စဉ် စောင့်ကြည်နေတဲ့ ကင်ဂျုံအန်း

မြောက်ကိုရီးယား နိုင်ငံမှာ နောက်ဆုံးပေါ် အဆင့်မြင့် နည်းပညာ သုံးထားတယ်လို့ ဆိုတဲ့ ပစ်မှတ်ကို အတိအကျ ပစ်နိုင်တဲ့ မဟာဗျူဟာမြောက် ဒုံးကျည် တစ်မျိုးကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့ပြီလို့ မြောက်ကိုရီးယား နိုင်ငံပိုင် သတင်း မီဒီယာက ထုတ်လွှင့်ခဲ့ပါတယ်။

အဲဒီ သတင်းမှာ ဘယ်တုန်းက စမ်းသပ် ခဲ့တယ် ဆိုတာကိုတော့ မဖော်ပြခဲ့ပါဘူး။

တောင်ကိုရီးယား နိုင်ငံက ပြောရာမှာတော့ မြောက်ကိုရီးယားဟာ ကြာသပတေးနေ့ကပဲ တာတိုပစ် လက်နက် သုံးခုကို ပင်လယ်ထဲ ပစ်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယား ဘက်က တာတိုပစ် လက်နက်တွေ စမ်းသပ် ပစ်လွှတ်နေတာဟာ အဆန်းတော့ မဟုတ်ပါဘူး။

မြောက်ကိုရီးယားဟာ ဒုံးလက်နက် အများကြီးကို တစ်ပြိင်နက်တည်း ပစ်လွှတ်နိုင်တဲ့ စနစ်ကို ပိုမို အဆင့်မြှင့်တင်နိုင်ဖို့ ကြိုးစား နေခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဌာနက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ