အယ်လ်ဂျီးရီးယား ပထမဆုံးအကြိမ် နောက်တစ်ဆင့်တက်

  • 27 ဇွန် 2014
ဓာတ်ပုံ မူပိုင် AP
Image caption အယ်လ်ဂျီးရီးယားနဲ့ ရုရှားတို့ အကြိတ်အနယ်

မနေ့က ကမ္ဘာဖလားဘောလုံးပွဲ အုပ်စု H ရဲ့ နောက်ဆုံးပွဲစဉ်တွေအဖြစ် ကစားခဲ့ကြတဲ့ အယ်ဂျီရီးယားနဲ့ ရုရှား တို့ပွဲမှာ တဂိုးစီ သရေကျပြီး အယ်လ်ဂျီးယားက ၄ မှတ်နဲ့ အုပ်စု ဒုတိယအဖြစ် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ၁၆ သင်းအဆင့် ရှုံးထွက်အဆင့်ကို တက်သွားခဲ့ပါတယ်။

ဘယ်လ်ဂျီယမ်က တောင်ကိုရီးယားကို ၁ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ၉ မှတ်နဲ့အုပ်စု ပထမရပါတယ်။

ရုရှားနဲ့ တောင်ကိုးရီးယားတို့ ပြိုင်ပွဲက ထွက်သွားပါပြီ။

အုပ်စု G ရဲ့ နောက်ဆုံး ပွဲစဉ်တွေမှာ ဂျာမနီက အမေရိကန်ကို တဂိုးဂိုးမရှိနဲ့ နိုင်လို့ ဂျာမနီက ရ မှတ်နဲ့ အုပ်စု ပထမ အမေရိကန်က ၄ မှတ်နဲ့ အုပ်စု ဒုတိယရပြီး နောက်တဆင့်ကို တက်သွားကြပါပြီ။

ပေါ်တူဂီက ဂါနာကို ၂ ဂိုး၁ဂိုးနဲ့ နိုင်လို့ ၄မှတ် ရပေမယ့် ဂိုးကွာခြားချက်နဲ့ ထွက်သွားရပါပြီ။

ဒီတော့ ရှုံးထွက်မှာ ဂျာမဏီက အယ်ဂျီးယားနဲ့ အမေရိကန်က ဘယ်လ်ဂျီယမ်နဲ့ ကစားကြရမှာပါ။

ဒီကနေ့မှာတော့ ဘောလုံးပွဲတွေ မရှိဘဲ စနေနေ့မှာ နောက်ဆုံး ၁၆သင်းရဲ့ ရှုံးထွက်ပွဲစဉ်တွေ စမှာ ဖြစ်ပြီး၊ ဘရာဇီးနဲ့ ချီလီ ကိုလံဘီယာနဲ့ ဥရုဂွေးတို့ ကစားကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ