ပထမ ကမ္ဘာစစ် ရာပြည့် စတင် ကျင်းပနေ

  • 28 ဇွန် 2014
WW1
Image caption ဆာ့ဘ် အမျိုးသားရေး ဝါဒီက လုပ်ကြံခဲ့

ပထမ ကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့တဲ့ မူလ ရင်းမြစ် ဖြစ်တဲ့ သြစတြီးယား ဟန်ဂေရီ အင်ပါယာရဲ့ အိမ်ရှေ့စံ မင်းသား ဖာဒီနန် လုပ်ကြံ ခံရမှု ရာပြည့်ပွဲတွေကို ကျင်းပ နေပါတယ်။

ဆာ့ဘ်လူမျိုး အမျိုးသားရေး ဝါဒီ တယောက် လုပ်ကြံလို့ ဖာဒီနန် မင်းသားနဲ့ ကြင်ယာတော်တို့ ဆာရာယေဗို မြို့မှာ သေဆုံး ခဲ့ရာက ပထမ ကမ္ဘာစစ် စတင်ခဲ့တာပါ။

Gavrilo Princip က ဖာဒီနန် တို့ကို အမိုးပွင့် ကားပေါ် မှာ ပစ်ခတ် လုပ်ကြံခဲ့တဲ့ အချိန် အတိအကျ အတိုင်း ဘော့စနီးယား နိုင်ငံ မြို့တော် ဆာရာယေဗိုမှာ စုဝေး ခဲ့ကြပါတယ်။

ဆာရာယေဗိုမှာ ဗီယင်နာ က သံစုံ တီးဝိုင်းကြီးနဲ့ ဖျော်ဖြေ ဖို့လဲ ရှိပါတယ်။

ဖရန်စစ် ဖာဒီနန်ရဲ့ အဆက်အနွယ် တွေက စစ်အောက်မေ့ဖွယ် ဆုတောင်းပွဲ တက်နေကြပြီး ဗီယင်နာ မြို့တော် နားက ဆွေတော် မျိုးတော်တွေ ပိုင်တဲ့ ရဲတိုက် ရှေ့မှာ စစ်ရေးပြ အခမ်းအနား ကျင်းပဖို့ ရှိပါတယ်။

ဖာဒီနန်သာ သူ့ကို လုပ်ကြံမှုကြောင့် စစ်ပွဲကြီး ဖြစ်ခဲ့တာကို သိနိုင်ရင် တုန်လှုပ် ခြောက်ခြားသွား လိမ့်မယ်လို့ သူ့ရဲ့ မြစ်တော်စပ်သူ က ဘီဘီစီကို ပြောပါတယ်။

လုပ်ကြံခဲ့တဲ့ လူသတ်သမား Princip နဲ့ ပတ်သက်ပြီး ဘော့စနီးယားမှာ ခုထိ အမြင် ကွဲနေကြပြီး ဆာ့ဘ် ခေါင်းဆောင် တွေက သီးခြား အခမ်းအနားတွေ ကျင်းပ နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ