ဟောင်ကောင် ပြုပြင်ရေး လူထု ဆန္ဒခံ

  • 29 ဇွန် 2014
hong kong ဓာတ်ပုံ မူပိုင် BBC CHINESE
Image caption လူပေါင်း ၇ သိန်းခွဲကျော် မဲပေးခဲ့

ဟောင်ကောင်မှာ အလွတ် သဘော ကျင်းပ နေတဲ့ ဒီမိုကရက်တစ် ပြုပြင် ပြောင်းလဲ မှု ဆိုင်ရာ လူထု ဆန္ဒ ခံယူပွဲမဲ ရလဒ် တွေ ရေတွက် နေပါပြီ။

ကနဦး ထွက်ပေါ် လာတဲ့ ရလဒ် တွေ အရ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ရာထူး အတွက် ကိုယ်စားလှယ် လောင်း စာရင်းကို လူထု၊ နိုင်ငံရေး ပါတီ တွေနဲ့ ရွေးချယ်ရေး ကော်မတီ ကို ရွေးခွင့် ပေးဖို့ အများစု က လိုလား ကြပါတယ်။

ဒါပေမဲ့ အာဏာ ကို ချုပ်ကိုင် ထားတဲ့ ပြည်မကြီး အစိုးရ ကတော့ ဒီရာထူးကို ကော်မတီ ကသာ အဆိုပြု ရွေးချယ် သင့်ပြီး ဒီဆန္ဒခံယူပွဲ ကိုလဲ တရားမဝင် အဓိပ္ပာယ် မဲ့တဲ့ လုပ်ရပ် အဖြစ် ဝေဖန် လိုက် ပါတယ်။

လူပေါင်း ၇ သိန်းခွဲ ကျော် ၊ ရာခိုင်နှုန်း အားဖြင့် မဲပေးပိုင် ခွင့်ရှိသူ ၂ဝ ရာခိုင်နှုန်း ဟာ ဟာ မဲရုံတွေ ဒါမှမဟုတ် အွန်လိုင်း ကနေ ပါဝင် မဲပေးခဲ့ ကြပြီး ဖြစ်ပါတယ်။

တနင်္လာ နေ့မှာ ရလဒ် ကြေညာ နိုင်လိမ့်မယ်လို့ ယူဆ နေကြ ပါတယ်။