တိကရိမြို့ကို အီရတ်အစိုးရ သိမ်းတယ် ပြော

  • 29 ဇွန် 2014
_iraq_tikrit_isil_ ဓာတ်ပုံ မူပိုင် AP
Image caption တိကရိမြို့ အခြေအနေ

အီရတ်အစိုးရ စစ်တပ်ဟာ၊ ဆွန်နီ သူပုန်တွေ လွန်ခဲ့တဲ့ ၂ ပတ်ကျော် ကတည်းက သိမ်းပိုက် ထားခဲ့တဲ့၊ မြောက်ပိုင်းမြို့ တစ်ခုဖြစ်တဲ့ တိကရိ မြို့ကို၊ ပြန်လည် သိမ်းယူ နိုင်ခဲ့တယ် ဆိုပြီး၊ အစိုးရ ရုပ်မြင်သံကြား ကနေ ကြေညာ နေပါတယ်။

အဲ့ဒီ့မြို့က အိုင်းစစ် အစ္စလာမ်မစ် လက်နက်ကိုင်တွေ အားလုံးကို တိုက်ခိုက် နှင်ထုတ် နိုင်ခဲ့ပြီး၊ အဲဒီ့မှာ ရှိခဲ့တဲ့ သူပုန်တပ် ခေါင်းဆောင် အပါအဝင်၊ သူပုန်တပ်သား ၆၀ သေဆုံးသွားတယ် လို့လည်း ဆိုပါတယ်။

ဒီ ကျဆုံးစာရင်း အရေအတွက် မမှန်ကန်ဘူး ဆိုပြီးတော့ သူပုန်တွေဘက်ကတော့ ငြင်းဆိုနေပါတယ်။ ဒါပေမယ့်၊ ထိခရိ(ထ) မြို့ ဝန်းကျင်မှာ၊ အစိုးရတပ်တွေ နဲ့ သူတို့အကြား အပြင်းအထန် တိုက်ပွဲတွေ ဖြစ်ခဲ့တာကို တော့၊ သူပုန်တွေက အတည်ပြုပါတယ်။

ဘဂ္ဂဒက်မြို့တော် တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ တော့၊ အီရတ် အစိုးရ စစ်တပ်ဘက် က၊ အနည်းဆုံး အယောက် ၂၀ သေဆုံး သွားတယ် ဆိုပြီး၊ အီရတ် စစ်တပ်နဲ့ ဆေးရုံ အသိုင်းအဝိုင်းက လာတဲ့ သတင်းတွေ အရ သိရပါတယ်။

တခါ၊ သူပုန်တွေလက်ထဲ ကျနေတဲ့ မြောက်ပိုင်း မိုဆူးလ်မြို့ ကို လေကြောင်း တိုက်ခိုက်မှု တချို့ ပြုလုပ်ခဲ့တယ် ဆိုပြီး၊ အစိုးရစစ်တပ် က စနေနေ့ အစောပိုင်းက ကြေညာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ