ISIS က အစ္စလာမ္မစ် နိုင်ငံ ကြေညာ

  • 29 ဇွန် 2014
Abu Bakr al-Baghdadi ဓာတ်ပုံ မူပိုင် 1
Image caption Abu Bakr al-Baghdadi ကို ခေါင်းဆောင်တင်

အီရတ်နဲ့ ဆီးရီးယားက ISIS လက်နက်ကိုင် အဖွဲ့ သိမ်းပိုက် ထားတဲ့ နယ်မြေ တွေကို စုစည်းပြီး အစ္စလာမ္မစ် နိုင်ငံ ကြေညာ လိုက်ပြီလို့ ISIS အစ္စလာမ္မစ် စစ်သွေးကြွ အုပ်စုရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

အီရတ်နဲ့ မြေထဲ ပင်လယ် အရှေ့ခြမ်း အစ္စလာမ္မစ် နိုင်ငံ အမည် ကနေ 'အစ္စလာမ္မစ် နိုင်ငံ' အဖြစ် အဖွဲ့ နာမည်ကို ပြောင်းလိုက်ကြောင်း လဲ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

အဖွဲ့ ခေါင်းဆောင် Abu Bakr al-Baghdadi ကို မွတ်ဆလင် အားလုံးရဲ့ ခါလစ် ခေါင်းဆောင်ကြီး အဖြစ် ခန့်အပ်တယ် လို့လဲ အင်တာနက်က ကြေညာ ခဲ့ပါတယ်။

တကမ္ဘာ လုံးက မွတ်ဆလင် ဂိုဏ်းတွေ အားလုံးက ခေါင်းဆောင်ကြီး ဆီကို သစ္စာခံကြဖို့လဲ နှိုးဆော် ခဲ့ပါတယ်။

အီရတ်မှာ ISIS တပ်တွေ အသာရ နေချိန်မှာ ခုလို ကြေညာ ခဲ့တာ ဖြစ်ပါတယ်။

အစ္စလာမ် တရား ဥပဒေ နဲ့ အညီ တင်းတင်းကျပ်ကျပ် အုပ်ချုပ်တဲ့ ခါလီဖိတ် နိုင်ငံ ပြန်တည်ထောင် ဖို့ ဆိုတာက ဂျီဟတ် ဘာသာရေး စစ်ဆင်နွှဲသူ တွေရဲ့ မျှော်မှန်းချက်ကြီး ဖြစ်ပါတယ်။

ဒီကြေညာ ချက်ဟာ အယ်လ်ခိုင်ဒါ အဖွဲ့ ရဲ့ ဗဟို ချုပ်ကိုင်မှုနဲ့ ပင်လယ်ကွေ့ ဒေသက အာရပ် ခေါင်းဆောင် တွေကို တိုက်ရိုက် စိန်ခေါ် လိုက်တာ ဖြစ်တယ်လို့ ကျွမ်းကျင်သူ တွေက သုံးသပ် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ