ယူကရိန်း အပစ်ရပ်စဲရေး ရက်စေ့

  • 29 ဇွန် 2014
ukraine ဓာတ်ပုံ မူပိုင် Getty
Image caption ယူကရိန်းနဲ့ အီးယူခေါင်းဆောင်တွေ ဆွေးနွေး

ယူကရိန်း အရှေ့ခြမ်း ပဋိပက္ခ ဖြေရှင်း ရေး အတွက် တနင်္လာနေ့မှာ ဆွေးနွေးပွဲ အသစ် တွေ စဖို့ ရှိတယ်လို့ ယူကရိန်း၊ ရုရှ နဲ့ ဂျာမနီ၊ ပြင်သစ် ခေါင်းဆောင် တွေက ပြောကြား လိုက်ပါတယ်။

ဂျာမနီနဲ့ ပြင်သစ်က ယူကရိန်း အစိုးရကို တဘက်သတ် အပစ်ရပ်စဲရေး ထပ် သက်တမ်းတိုးဖို့ တောင်းဆို လိုက်ပါတယ်။

ရုရှ လိုလားတဲ့ စစ်သွေးကြွ တွေနဲ့ အပစ်အခတ် ရပ်စဲရေးက တနင်္လာနေ့မှာ ဆုံးခန်း တိုင်တော့မှာ ဖြစ်ပါတယ်။

ဒီအချိန် မှာပဲ ယူကရိန်း သမ္မတ Poroshenko ကို ယူကရိန်း အရှေ့ခြမ်းမှာ စစ်ဆင်ရေးတွေ ပြန်စဖို့ ကီးယက်ဗ် မြို့တော်မှာ ရာနဲ့ချီတဲ့ လူတွေက တနင်္ဂနွေ နေ့က ဆန္ဒပြ ခဲ့ကြပါတယ်။

Donetsk သမ္မတ နိုင်ငံလို့ သီးခြား ကြေညာ ထားတဲ့ ဒေသ ခေါင်းဆောင် တယောက်ကတော့ ယူကရိန်း အစိုးရကို အခွန်ပေးတဲ့ လုပ်ငန်း အားလုံးကို ပြည်သူပိုင် သိမ်းဖို့ ရှိတယ်လို့ ပြောပါတယ်။

ယူကရိန်း ရဲ့ အချမ်းသာဆုံး သူဌေးကြီး Rinat Akhmetov ကတော့ သူ့ကုမ္ပဏီ တွေက ယူကရိန်း အစိုးရဆီ အခွန်ဆက်ပေး နေအုံးမှာ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ