ယူကရိန်း အပစ်ရပ်စဲရေး အဆုံးသတ်

  • 30 ဇွန် 2014
ukraine ဓာတ်ပုံ မူပိုင် AP
Image caption စစ်ပြန်စရေး ဆန္ဒပြပွဲတွေ ဖြစ်ပွား

ယူကရိန်း အစိုးရက နိုင်ငံ အရှေ့ပိုင်းက ရုရှ ခွဲထွက်ရေး သူပုန် တွေ အပေါ် တဘက်သတ် ကြေညာ ထားတဲ့ အပစ်ရပ်စဲရေး ပြီးဆုံး သွားပြီလို့ ယူကရိန်း သမ္မတ ပေထရို ပိုရို ရှန်ကိုက ပြောကြား လိုက်ပါတယ်။

ယူကရိန်း အစိုးရ တပ်တွေက သူပုန် တွေကို ထိုးစစ်တွေ ပြန်စတော့မယ် လို့လဲ မစ္စတာ ပိုရို ရှန်ကို က ဆိုပါတယ်။

ရုရှ ဘက်သား စစ်သွေးကြွ တွေရဲ့ ရာဇဝတ် အပြုအမူ တွေကြောင့် ငြိမ်းချမ်းရေး ရဖို့ အခွင့်အလမ်းတွေ ဆုံးရှုံး ခဲ့ရတယ် လို့လဲ သူက ပြောပါတယ်။

မတည်ငြိမ် ချိုးဖောက် ခံနေရတဲ့ ဆယ်ရက် အပစ်ရပ်စဲရေးဟာ တနင်္လာနေ့ ညနေထဲက ဆုံးခန်း တိုင်သွားခဲ့တာ ဖြစ်ပါတယ်။

၂ ဘက်လုံးက တဘက်နဲ့ တဘက် အပစ်ရပ်စဲရေး ချိုးဖောက်တယ် ဆိုပြီး အပြန်အလှန် စွပ်စွဲ နေကြပါတယ်။

ခွဲထွက်ရေး သမား တွေရဲ့ အမာခံ ဒေသ ဖြစ်တဲ့ ဒွန်းနက်စ် ဒေသမှာ ပစ်ခတ်မှုတွေ ပြန်စ နေပြီ လို့ သတင်း ရရှိ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ