ကော်စတာရီးကားနဲ့ ဟော်လန်ကွာတားတက်

  • 30 ဇွန် 2014
costa rica ဓာတ်ပုံ မူပိုင် Reuters
Image caption ကော်စတာရီးကားက ဂရိကို ပင်နယ်တီဂိုး ရှူး

ကမ္ဘာ့ဖလားပွဲမှာ ကော်စတာ ရီကာက ဂရိကို ပင်နယ်တီဂိုး ရှူးပြီး ကွာတား ဖိုင်နယ် တက်သွား ပါတယ်။

ကော်စတာရီးကားက ၅ ဂိုး ဂရိက ၃ ဂိုးနဲ့ ပွဲပြီး သွားခဲ့တာပါ။

အချိန်ပြည့်တဲ့ အထိ တဂိုးစီနဲ့ သရေကျ နေတာမို့ အချိန်ပို ဆက်ကစား ခဲ့ရတာ ဖြစ်ပါတယ်။

ပထမပွဲမှာ နယ်သာလန်က မက္ကဆီကို ၂ ဂိုး တဂိုးနဲ့ နိုင်သွားတာမို့ ကွာတားမှာ ကော်စတာရီကာနဲ့ နယ်သာလန် တို့ တွေ့ကြ မှာ ဖြစ်ပါတယ်။

မက္ကဆီကို ပွဲပြီးခါနီး ၈၈ မိနစ်အထိ ၁ ဂိုးနဲ့ ဦးဆောင်နေပြီးမှ နယ်သာလန် က ဝက်စလီ ရှနိုက်ဒါက ချေပဂိုး သွင်းခဲ့ပြီး နာကျင်အချိန်ပိုမှာ ပင်နယ်တီ ထပ်ရလို့ အနိုင်ဂိုး သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ