ပြင်သစ် သမ္မတဟောင်း သြဇာ အလွဲသုံးမှု စစ်ဆေးခံရ

  • 1 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ပြင်သစ် သမ္မတဟောင်း နီကိုလပ် ဆာကိုဇီ (ဝဲ)

ပြင်သစ် သမ္မတ ဟောင်း နီကိုလပ် ဆာကိုဇီ Nicolas Sarkozy ဟာ သူ့အရှိန်အဝါကို သုံးပြီး တရားသူကြီးတွေကို ကိုယ်ကျိုးအတွက် အသုံးချခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ဆေးခံနေရပါတယ်။

မစ္စတာ ဆာကိုဇီဟာ ရန်ပုံငွေ စုဆောင်းခဲ့ပုံနဲ့ ပတ်သက်တဲ့ အမှုမှာ အမှုနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို တရားသူကြီးတွေဆီက ရယူခဲ့တယ်လို့ စွပ်စွဲခံရတာ ဖြစ်ပါတယ်။

သူ့ရဲ့ ရှေ့နေ တစ်ဦးနဲ့ ရာဇဝတ် တရားသူကြီး ၂ ဦးကိုလည်း ရဲက တနင်္လာနေ့က ထိန်းသိမ်းလိုက်ပြီး စစ်ဆေး မေးမြန်းမှုတွေ လုပ်နေပါတယ်။

မစ္စတာ ဆာကိုဇီကတော့ သူ ဘာအမှားမှ မလုပ်ခဲ့ဘူး ဆိုပြီး ငြင်းဆိုထားပြီး ဒါဟာ သူ့ကို နိုင်ငံရေး အရ ပစ်မှတ်ထား တိုက်ခိုက်တာလို့ သူက ပြောပါတယ်။

အသက် ၅၉ နှစ်အရွယ် မစ္စတာ ဆာကိုဇီဟာ ၂၀၀၇ ကနေ ၂၀၁၂ အထိ ပြင်သစ် သမ္မတ တာဝန် ယူခဲ့သူ ဖြစ်ပြီး ၂၀၁၇ သမ္မတ ရွေးကောက်ပွဲကိုလည်း ဝင်ရောက် ယှဉ်ပြိုင်ဖို့ ကြိုးစားနေသူ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ