ပါလက်စတိုင်း လူငယ်တွေ အုံကြွမှု အစ္စရေး ထိန်းသိမ်း

  • 2 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption အစ္စရေး လုံထိန်းတွေကို ခဲတွေနဲ့ ပစ်ပေါက်နေတဲ့ ပါလက်စတိုင်းတွေ

ဂျေရူဆလင်မြို့ အရှေ့ဘက်ပိုင်းမှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ ဆယ်ကျော်သက် အရွယ် ပါလက်စတိုင်း လူငယ်လေးရဲ့ မီးကျွမ်း လောင်ထားတဲ့ အလောင်းကို ပြန်လည် တွေ့ရှိခဲ့ပြီးနောက် ပါလက်စတိုင်း လူငယ်တွေနဲ့ အစ္စရေး အဓိကရုဏ်း တပ်ဖွဲ့တွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ပါလက်စတိုင်း တွေဟာ ဓာတ်ရထား ဘူတာရုံတွေက ခရီးသည် နားခိုရာ အဆောင်ငယ်တွေကို ဖြိုချ ဖျက်ဆီးခဲ့ကြပြီး ခဲတွေနဲ့ ပစ်ပေါက်ခဲ့သလို အစ္စရေး ရဲတပ်ဖွဲ့ကလည်း မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေ အသုံးပြုပြီး လူစုခွဲခဲ့ပါတယ်။

အသိမ်းပိုက်ခံ အနောက်ဘက် ကမ်းခြေ ဒေသမှာ အစ္စရေး လူငယ်၃ ဦး ပြန်ပေးဆွဲ အသတ် ခံခဲ့ရပြီးနောက် ဒီလို ဖြစ်ပေါ်ခဲ့တာကြောင့် ဒါဟာ လက်စားခြေ လက်တုံ့ပြန်မှု ဖြစ်နိုင်တယ်လို့ အစ္စရေး ရဲတပ်ဖွဲ့က ပြောပါတယ်။

အစ္စရေး ဝန်ကြီးချူပ် ဘဲန်ဂျမင် နာတန်ယာဟုကတော့ ဒီအမှုဟာ စက်ဆုပ်ဖွယ်ကောင်းတဲ့ လူသတ်မှု ဖြစ်တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ