ဆယ်ကျော်သက်လူငယ် တွေရဲ့ စျာပန အပြီး အစ္စရေး ကက်ဘိနက် ထပ်ခေါ်

  • 2 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AP
Image caption စျာပန အခမ်းအနားကို အစ္စရေး လူမျိုး ထောင်ပေါင်းများစွာ တက်ရောက်ခဲ့

အစ္စရေး နိုင်ငံမှာ ဆယ်ကျော်သက် လူငယ် ၃ဉီးရဲ့ အလောင်းကို ဂျော်ဒန်မြစ် အနောက် ဘက် ကမ်းဒေသမှာ တနင်္လာနေ့က တွေ့ရှိခဲ့ အပြီး အစ္စရေး လုံခြုံရေး ကက်ဘိနက် အစည်း အဝေး ဒုတိယအကြိမ်အဖြစ် ခေါ်ယူ ကျင်းပခဲ့ ပါတယ်။

အဲဒီ လူငယ်တွေကို ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့သူတွေကို မရ ရအောင် ရှာဖွေ ဖော်ထုတ်မယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ညာမင် နက်တာညာဟု က ကက်ဘိနက် အစည်းအဝေးခန်းထဲ မဝင်ခင်မှာ အခိုင်အမာ ပြောသွားပါတယ်။

ဒီကိစ္စရဲ့ လက်သည် တရားခံတွေလို့ သူစွပ်စွဲထားတဲ့ ဟားမာ့စ် အဖွဲ့ကို ထိုးစစ်ဆင် တိုက်ခိုက်မယ်လို့လည်း ဆိုပါတယ်။

အင်္ဂါနေ့တုန်းက ကက်ဘိနက် ဝန်ကြီးတွေ ပထမတကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့စဉ်မှာ အရေးယူ ဆောင်ရွက်မယ့် အတိုင်းအတာ ပမာဏနဲ့ ပတ်သက်လို့ ဝန်ကြီးတွေ အကြား သဘော ကွဲလွဲခဲ့ကြတယ်လို့ သတင်းတွေက ဆိုပါတယ်။

သေဆုံးသွားတဲ့ လူငယ်လေးတွေရဲ့ အလောင်းကို အစ္စရေးနိုင်ငံ အလယ်ပိုင်းမှာ မြှုပ်နှံ ခဲ့ရာမှာ မစ္စတာ နက်တာညာဟု နဲ့ အစ္စရေး သမ္မတ ရှီမွန် ပဲရက်စ် အပါအဝင် အစ္စရေးလူမျိုး ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပါတယ်။