ယူဂန္ဓာ လေဆိပ် အကြမ်းဖက် ခံရနိုင်ဟု သတိပေး

  • 3 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption သတိပေးချက် ထုတ်ပြန်အပြီး လုံခြုံရေး ယူနေတဲ့ ယူဂန္ဓာ တပ်ဖွဲ့တွေ

ယူဂန္ဓာနိုင်ငံရဲ့ အဓိက လေဆိပ်ကြီး တိုက်ခိုက်ခံရနိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့ ယူဂန္ဓာ လုံခြုံရေး တပ်ဖွဲ့တွေက သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ညပိုင်း ၉ နာရီကနေ ၁၁ နာရီအတွင်း အန်တက်ဘီ Entebbe လေဆိပ်ကို အကြမ်းဖက် သမားအုပ်စု တစ်ခုက တိုက်ခိုက်မယ် ဆိုပြီး ခြိမ်းခြောက်ခဲ့လို့ ဖြစ်ပါတယ်။

အဲဒီမှာ ရှိတဲ့ အမေရိကန်သံရုံးကလည်း သူ့နိုင်ငံသားတွေ ခရီးသွားလာရာမှာ ဆင်ခြင်ကြဖို့ သတိပေးထားပါတယ်။

အမေရိကန်နဲ့ ယူကေက လေဆိပ် တချို့မှာလည်း အကြမ်းဖက် ခံရနိုင်တဲ့ အန္တရာယ်ကြောင့် ဒီနေ့ မနက်ပိုင်းက စပြီး လုံခြုံရေးတွေ တိုးမြှင့်ချထားလိုက်ပါတယ်။

ဒီလို လုံခြုံရေးတွေ တိုးမြှင့်ရတာဟာ ယီမင် နိုင်ငံမှာ ပုန်းခိုနေတဲ့ ဆော်ဒီအာရေဗျ နိုင်ငံသား ဗုံးလုပ်တတ်တဲ့သူ တစ်ဦးက လေဆိပ် လုံခြုံရေးတွေကို ကျော်ဖြတ်နိုင်တဲ့ ဗုံးတွေ ပြုလုပ်နည်းကို အယ်လ်ခိုင်းဒါးတွေကို သင်ပေးနေတယ်ဆိုတဲ့ သတင်း ထွက်လာတာကြောင့်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ