တရုတ် သမ္မတ တောင်ကိုရီးယားကို သွားရောက်

  • 3 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AP
Image caption မြောက်ကိုရီးယား နျူကလီးယားကိစ္စ အပေါ် ဘုံသဘောတူညီခဲ့ကြတဲ့ သမ္မတ ၂ဦး

တောင်ကိုရီးယားကို ရောက်ရှိနေတဲ့ တရုတ် သမ္မတ ရှီကျင်းပင်ဟာ တောင်ကိုရီးယား သမ္မတ ပတ်ခ် ဂွန်ဟေးနဲ့ ဆိုးလ်မြို့မှာ တွေ့ဆုံခဲ့ပြီး မြောက်ကိုးရီးယားရဲ့ နျူကလီးယား လက်နက် အစီအစဉ် ဖျက်သိမ်းဖို့ လိုအပ်တယ် ဆိုတဲ့အပေါ် သဘောတူညီခဲ့ကြပါတယ်။

နျူကလီးယား လက်နက် ဖျက်သိမ်းဖို့အတွက် တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးပြီး အဖြေရှာနိုင်ဖို့ လိုအပ်ကြောင်း တရုတ် သမ္မတ ရှီကျင်းပင်က ပြောခဲ့ပါတယ်။

တောင်ကိုးရီးယား သမ္မတ ပတ်ခ် ဂွန်ဟေးကလည်း တရုတ်နဲ့ သဘောတူတဲ့အထဲမှာ မြောက်ကိုးရီးယားနဲ့ ပတ်သက်လို့ ဖြစ်နိုင်သမျှ နည်းလမ်း အားလုံးကို သုံးမယ်၊ နျူကလီးယား လက်နက် စမ်းသပ်မှု ဆန့်ကျင့်တာတွေ ပါဝင်တယ်လို့ ပြောပါတယ်။

အခုလို တရုတ် သမ္မတက တောင်ကိုးရီးယားကို သွားရောက်တာဟာ မြောက်ကိုးရီးယားကို ပစ်ပယ်တဲ့ သဘောမျိုး သက်ရောက်ပေမယ့် တရုတ်ရဲ့ မြောက်ကိုးရီးယား အပေါ် စီးပွားရေးနဲ့ မဟာဗျူဟာအရ ကူညီမှုတွေ လျှော့ မလျှော့ ဆိုတာတော့ မသိရပါဘူး။

တရုတ်နဲ့ တောင်ကိုးရီးယားတို့ရဲ့ တိုးတက်လာနေတဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေးကို ထပ်မံ တိုးမြှင့်ဖို့ကိုလည်း သဘောတူခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ