ပါလက်စတိုင်း ဆက်ကျော်သက် စျာပန နှောင့်နှေးနေ

  • 3 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဂါဇာဒေသကို အစ္စရေးက လေကြောင်းနဲ့ တိုက်ခိုက်စဉ်။

အရှေ့ ဂျေရုဆလင်မှာ အရင်နေ့က ပြန်ပေးဆွဲ သတ်ဖြတ်ခံခဲ့ရတဲ့ ပါလက်စတိုင်း ဆယ်ကျော်သက်ရဲ့ အလောင်းကို ဒီကနေ့ ကြာသပတေးနေ့မှာ သင်္ဂြိုဟ်နိုင်ဖို့ မိသားစုဝင်တွေ မျှော်လင့်နေကြပါတယ်။

သေဆုံးသူ မိုဟာမက် အဘူ ခါဒါရဲ့ အလောင်းကို အစ္စရေးနဲ့ ပါလက်စတိုင်း ပူးတွဲပြီး ဆေးစစ်ချက် ယူနေတဲ့အတွက် စောင့်ဆိုင်းနေရပြီး အချိန်မီ အသုဘ မချနိုင်ဘဲ နှောင့်နှေးနေရတာ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ အစ္စရေး တောင်ပိုင်းကို ပါလက်စတိုင်းဘက်က ရော့ကက်နဲ့ လှမ်းပစ်ခဲ့လို့ တုံ့ပြန်တဲ့ အနေနဲ့ အစ္စရေးက ဂါဇာကမ်းမြောင် ဒေသကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အနည်ဆုံး ပါလက်စတိုင်း ၁၀ ဦး ဒဏ်ရာရခဲ့ပါတယ်။

အစ္စရေးဟာ ပါလက်စတိုင်းဘက်က ဟားမတ် စစ်သွေးကြွအဖွဲ့ရဲ့ လက်နက် ထုတ်လုပ်တဲ့ နေရာတွေနဲ့ စစ်သင်တန်း နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ