နိုင်ငံရေး လုပ်ကြံမှုအဖြစ် ဆာကိုးဇီးတုံ့ပြန်

  • 3 ဇူလိုင် 2014
သမ္မတဟောင်း ဆာကိုးဇီးကို ခေါ်ယူစစ်ဆေးစဉ် ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတဟောင်း ဆာကိုးဇီးကို ခေါ်ယူစစ်ဆေးစဉ်

အဂတိလိုက်စားမှုနဲ့ စုံစမ်း စစ်ဆေးခံနေရတဲ့ ပြင်သစ်သမ္မတဟောင်း ဆာကိုးဇီးက သူ့ကို စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ပြန်လှန် တိုက်ခိုက်ခဲ့ပါတယ်။ သူရာထူးက ထွက်ပြီး ပထမဆုံး ရုပ်မြင်သံကြား မေးမြန်းခန်းမှာ စိတ်ဆိုး မာန်ဆိုးနဲ့ ခပ်မာမာ တုံ့ပြန်လိုက်တာဟာ ပြင်သစ် လူမျိုးတွေ အမှတ်ရနေတဲ့ သမ္မတဟောင်းရဲ့ ပုံစံမျိုး ဖြစ်တယ်လို့ ပါရီရှိ ဘီဘီစီ သတင်းထောက် ဟူးစကိုးဖီး ကပြောပါတယ်။

သူ့ကို ၁၅နာရီကြာ စစ်ဆေးပြီး ညမိုးချုပ်မှ တရားသူကြီးဆီ ခေါ်ပြီး အဂတိ လိုက်စားမှုနဲ့ စွဲချက်တင်တာကို သူစိတ်ဆိုးနေပြီး ဘာကြောင့်အခုလို ဆက်ဆံတယ်ဆိုတာ အမှန်အတိုင်း သိဖို့လိုတယ်လို့ပြောပါတယ်။

တရားရေး ဌာနမှာ လက်ဝဲသမားတွေက သူ့ကိုဆန့်ကျင်တဲ့ လှုပ်ရှားမှု လုပ်နေတာကို ဆိုရှယ်လစ် အစိုးရကလည်း သိထားတယ်လို့ ဆာကိုးဇီးက ပြောပါတယ်။ ဒီရုပ်မြင်သံကြား မေးမြန်းခန်းအရ ပြင်သစ် ခေါင်းဆောင်ဟောင်း ရဲ့ ခွန်အားနဲ့ စွမ်းရည်ကို လူတွေ ပြန်သတိရ စေနိုင်ပါတယ်။ အချို့ကတော့သူဟာ အပစ်ကင်း ယောင်ဆောင်ပြီး အရင်လိုဘဲ အနိုင်ကျင့် ကိုယ်အလွတ်ရုန်းမယ့်ပုံ ပေါ်ပါတယ်လို့ ဝေဖန်နေကြကြောင်း ပြင်သစ်ရှိ ဘီဘီစီသတင်းထောက်က ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ