ဘရာဇီးမှာ ကုန်းကျော်တံတားပြိုလို့ လူသေ

  • 4 ဇူလိုင် 2014
_brazil_belo_horizonte_ ဓာတ်ပုံ မူပိုင် AP
Image caption ဘရာဇီးကုန်းကျော်တံတား ပြိုလို့ စိစိကြေသွားရတဲ့ ဘတ်စ်ကား

ဘရာဇီးနိုင်ငံ အရှေ့ဘက် မြို့တစ်ခု ဖြစ်တဲ့ ဘဲယ်လူ အော်ရီဇွန်းတီး မှာ၊ ကုန်းကျော် တံတားတစ်စင်း ပြိုကျခဲ့ပါ တယ်။ အဲဒီ့ ဘဲယ်လူ အော်ရီဇွန်းတီး ဟာ၊ အခု ဘရာဇီးမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို၊ လက်ခံ ကျင်းပ ပေးနေတဲ့ မြို့တွေထဲမှာ ပါဝင်ပါတယ်။

ဒီပြိုကျမှုကြောင့် အောက်မှာရှိနေတဲ့ အဝါရောင် ဘတ်စ်ကားတစ်စင်း၊ အရှေ့ပိုင်း တစ်ခုလုံး ကြေမွနေတာ ကို၊ ရုပ်မြင်သံကြား ကနေ ပြနေတဲ့ ပုံတွေထဲ တွေ့ရပါတယ်။

လူ ၂ ဦး သေဆုံးပြီး၊ အများအပြား ဒဏ်ရာ ရသွားတယ် ဆိုပြီး၊ ဒေသခံ ကျန်မားရေးဌာနက တာဝန်ရှိသူတွေ က ဆိုပါတယ်။

အပျက်အစီးပုံတွေ အောက်က ကားတွေထဲ၊ ပိတ်မိနေသူတွေ ကျန်သေးတယ်လို့ လည်း ပြောပါတယ်။

ဒီ ကုန်းကျော် တံတားဟာ၊ နောက်တစ်ပတ် မှာ ကျင်းပမယ့်၊ ကမ္ဘာ့ဖလား အကြိုဗိုလ်ပွဲ တစ်ပွဲကို လက်ခံ ကျင်းပမယ့်၊ မီနေရောင်း ကွင်း အနီးမှာ ရှိတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ