ဆွန်နီ အိုင်စစ်သူပုန်တွေက သစ္စာ မခံသူတွေကို သုတ်သင်

  • 4 ဇူလိုင် 2014
ဆွန်နီစစ်သွေးကြွများ ဓာတ်ပုံ မူပိုင် Reuters
Image caption ဆွန်နီစစ်သွေးကြွများ

အီရတ်နိုင်ငံမှ အိုင်စစ်သူပုန်တွေက ဆွန်နီ မဟုတ်သူတွေနဲ့သူတို့ကို ဆန့်ကျင်သူတွေကို စနစ်တကျ ဖေါ်ထုတ် သုတ်သင်နေပါတယ်။ အိုင်စစ်သူပုန်တွေ အီရတ်နိုင်ငံ အနောက်မြောက်က မိုဆူးလ် တီကရစ်စတဲ့ မြို့ကြီးတွေကို သိမ်းပြီး တလကျော်အတွင်း အခုအခါ အီရတ် လူမျိုး၁သန်းကျော် နေအိမ်စွန့်ခွာ ထွက်ပြေးကြရပါတယ်။

ကုလသမဂ္ဂနဲ့ အီရတ်အရာရှိတွေရဲ့အဆိုအရ ဇွန်လ တလထဲမှာ လူပေါင်း ၂၅၀၀နီးပါး သေဆုံးပါတယ်။ အခုအခါ အိုင်စစ်သူပုန်တွေက အစ္စလန်မစ် နိုင်ငံအဖြစ်ကြေညာလိုက်ပြီး သူတို့အပေါ်သစ္စာမခံရင် ကွပ်မျက်နေပါတယ်။

ကဒ်တွေ ထိန်းချုပ်တဲ့ ဆင်ဂျာမြို့နားက ဒုက္ခသည်တွေ ထွက်ပြေးနေကြပြီး အဲဒီမြို့ရွာတွေကို အိုင်စစ်တွေက စန်တကျ ရှင်းလင်းနေတယ်လို့ သိရပါတယ်။ အိုးအိမ်စွန့်ခွာ သူတွေအများစုက ရှီအာတွေ ခရစ်ယာန်တွေနဲ့ဒေသခံ ကဒ်တွေ ဖြစ်ကြပါတယ်။

အိုင်စစ်တွေဟာ သူတို့ထိန်းချုပ်ထားတဲ့ ဆီးရီးယားနဲ့ အီရတ်တို့က နယ်မြေတွေမှာ အစ္စလမ်နိုင်ငံ အဖြစ်ကြေညာပြီး တပါတ်အကြာမှာအခုလို အစီအစဉ်ရှိရှိ သုတ်သင်နေတာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ