သြစတြေးလျ ဒုက္ခသည်ရေး ကုလစိုးရိမ်

  • 5 ဇူလိုင် 2014
australia ဓာတ်ပုံ မူပိုင် AFP
Image caption ဒုက္ခသည် တွေ ခိုလှုံခွင့် မပေးဆိုတဲ့ သတင်းထွက်

သီရိလင်္ကာက ရာနဲ့ချီတဲ့ တမီးလ် ဒုက္ခသည် တွေကို သြစတြေးလျ အစိုးရ ကိုင်တွယ် နေတာကို များစွာ ပူပန် မိတယ်လို့ ကုလ သမဂ္ဂ ဒုက္ခသည် များ ရုံးက ထုတ်ပြန် လိုက်ပါတယ်။

ဒီရက်ပိုင်း အတွင်း တမီးလ် ဒုက္ခသည် ၂ ရာ လောက်ပါတဲ့ သင်္ဘော ၂ စီးကို သြစတြေးလျ ရေပိုင်နက် ထဲ အဝင် မခံဘူး ဆိုတဲ့ သတင်း ထွက်လာပါတယ်။

ဒီဒုက္ခသည် တွေကို ခိုလှုံခွင့် မပေးဘဲ သီရိလင်္ကာ အစိုးရဆီ ပြန်လွှဲ ပေးတာတွေ လုပ်နေတယ် ဆိုတဲ့ သတင်း တွေလဲ အရင်ထဲက ထွက်နေပါတယ်။

ဒီသတင်း တွေ ထွက်နေတာကို သြစတြေးလျ အစိုးရ ဘက် က မှတ်ချက် ပေးဖို့ ငြင်းဆိုပါတယ်။

ဒါပေမဲ့ မနှစ်က ရွေးကောက်ပွဲ နိုင်ပြီး တက်လာတဲ့ သြစတြေးလျ ဝန်ကြီးချုပ် တိုနီ အက်ဘော့ က ဒုက္ခသည် လှေတွေကို အဝင် မခံဘူးလို့ ပြောဆို လာခဲ့သူ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ