အမေရိကန်သူလျှိုလို့ စွပ်စွဲခံရသူ ဖမ်းခံရ

  • 5 ဇူလိုင် 2014
cn_berlin_nsa_protest_ ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန် ထောက်လှမ်းရေး အေဂျင်စီရဲ့ ဖုန်းခိုးနားထောင်မှုကို ဂျာမဏီမှာ ကန့်ကွက်နေပုံ

ဂျာမဏီ အာဏာပိုင်တွေ က၊ ဂျာမန် နိုင်ငံခြား ထောက်လှမ်းရေး အေဂျင်စီ ရဲ့ ဝန်ထမ်း တစ်ဦး ကို၊ အမေရိကန် အစိုးရ အတွက် သူလျှို လုပ်ပေးနေတယ် ဆိုပြီး သံသယရှိတဲ့ အတွက် ဖမ်းဆီးလိုက်ပါတယ်။ ဒီကိစ္စ နဲ့ ပတ်သက်ပြီးတော့ ဘာလင်မြို့မှာ ရှိတဲ့ ဂျာမဏီ ဆိုင်ရာ အမေရိကန် သံအမတ်ကို ဆင့်ခေါ်ထားတယ် လို့လည်း ဆိုပါတယ်။

ဂျာမဏီနိုင်ငံ အတွင်း လုပ်ဆောင်ခဲ့တဲ့ အမေရိကန် သူလျှိုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး၊ စုံစမ်း စစ်ဆေးဖို့ ဖွဲ့စည်းခဲ့တဲ့ ပါလီမန် ကော်မတီရဲ့ အသေးစိတ် အချက်အလက်တွေ ကို၊ အခု ဖမ်းဆီးခံရသူက အမေရိကန်တို့ထံ ပေးအပ်ခဲ့ကြောင်း သံသယ ရှိခံနေရတာ ဆိုပြီး၊ ဒေသခံ သတင်းဌာနတွေ က ပြောပါတယ်။

ဒီ ကိစ္စဟာ အလွန် အရေးကြီးတဲ့ အမှု ဖြစ်လို့ ဗဟိုအစိုးရ ရှေ့နေတွေ အနေနဲ့၊ အခုလို အရေးယူဖို့ လုပ်ဆောင် လာကြတာပါ ဆိုပြီး၊ ဂျာမဏီ ဝန်ကြီးချူပ် အိန်ဂယ်လာ မယ့်ခဲလ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသွားတာ ပါ။

ဂျာမဏီ ဝန်ကြီးချူပ်ရဲ့ မိုဘိုင်းဖုံး ကို၊ အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီက၊ နားထောင်ခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပြီး၊ ၂ နိုင်ငံ အကြား ဆက်ဆံရေးတွေ တင်းမာနေခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ