အစ္စရေးရဲ အင်အားသုံးမှု အမေရိကန်က ပစ်တင်

  • 6 ဇူလိုင် 2014
palestine_israel_clashes_ ဓာတ်ပုံ မူပိုင် AFP
Image caption အရှေ့ ဂျေရူဆလင်မ် အဓိကရုဏ်း

အရှေ့ ဂျေရူဆလင်မှာ ပြန်ပေးဆွဲ အသတ်ခံခဲ့ရ တဲ့၊ ပါလက်စတိုင်း လူငယ်လေးနဲ့ ညီဝမ်းကွဲ တော်စပ်သူကို အစ္စရေး ရဲ ၂ ဦးက၊ ထိုးကြိတ် ကန်ကျောက်နေတာ ကို ဖော်ပြနေတယ် ဆိုတဲ့ ဗီဒီယို မှတ်တမ်းတိုကို၊ အစ္စရေး ရဲတွေက စမ်းစစ်နေပြီ ဖြစ်ပါတယ်။

အဲဒီ့ ၁၅ နှစ်သားအရွယ် တာရစ်ဂ် ခါဒီယာ ကို၊ ကြာသပတေးနေ့ က၊ မိုဟာမက် ခါဒီယာ အသုဘ အခမ်းအနား အပြီး၊ မကြာခင်မှာပဲ အစ္စရေး ရဲတွေက ရိုက်နှက် ဖမ်းဆီးခဲ့တာ ဆိုပြီး၊ သူ့ရဲ့ မိသားစုက ပြောပါတယ်။

အဓိကရုဏ်း အတွင်း ဖမ်းဆီးထား တဲ့ ဆန္ဒပြသမား ၆ ဦးရှိတယ် ဆိုပြီး၊ အစ္စရေးရဲတပ်ဖွဲ့ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် မစ်ကီ ရိုဇဲန်ဖီးလ်ဒ် က ပြောပါတယ်။

တာရစ်ဂ် ခါဒီယာဟာ အမေရိကန်နိုင်ငံသား ဖြစ်ပြီး၊ အခုဆို အမေရိကန် ပြည်ထောင်စုက၊ သူတို့ နိုင်ငံသားတစ်ဦး အခုလို အစ္စရေးရဲတွေရဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက် ခံရတယ် ဆိုတဲ့ သတင်းအပေါ် အလွန် စိုးရိမ်ကြောင်း ပြောခဲ့သလို၊ အင်အား အလွန်အကျွံ အသုံးပြုတဲ့ လုပ်ရပ်အပေါ် ရှုံ့ချကြောင်း နဲ့ ဒီအရေး အတွက် စိတ်ချ ယုံကြည်လောက်ဖွယ် ရှိတဲ့ စု့စမ်း စစ်ဆေးမှုကို မြန်မြန်ဆန်ဆန် လုပ်ပေးဖို့ တောင်းဆို လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ