အစ္စရေး လေကြောင်းတိုက်ခိုက် ဟားမတ်စ် ၉ ဦး သေ

ဓာတ်ပုံ မူပိုင် Reuters
Image caption နယ်စပ်အနီးမှာ ထပ်တိုး ချထားတဲ့ အစ္စရေး တင့်ကားတွေ

ဂါဇာ ကမ်းမြောင်ဒေသမှာ အစ္စရေးတို့ရဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း လက်နက်ကိုင် ၉ ဦး သေဆုံးခဲ့ပါတယ်။

အစ္စရေးနိုင်ငံ တောင်ပိုင်းဒေသကို ဂါဇာဒေသ ဘက်ကနေ ရော့ကက် လောင်ချာတွေနဲ့ နောက်ထပ် ပစ်ခတ် တိုက်ခိုက်ခဲ့အပြီးမှာ အခုလို အစ္စရေးက လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့တာပါ။

ဂါဇာဒေသ တောင်ပိုင်းက လူတွေ စုဝေးရာ နေရာတစ်ခုအပေါ် တိုက်ခိုက်မှုအတွင်း သူတို့ရဲ့ လက်နက်ကိုင်တွေ သေဆုံးခဲ့ရတယ်လို့ ဟားမတ်စ် ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့က ပြောပါတယ်။

တခြား နေရာတွေမှာလည်း ပါလက်စတိုင်း လက်နက်ကိုင် ၃ ဦး သေဆုံးခဲ့ပါတယ်။

သူတို့ လူတွေ သေဆုံးခဲ့မှုအတွက် အစ္စရေးတို့ အနေနဲ့ ပြန်လည် ပေးဆပ်ရမယ်လို့ ဟားမတ်စ် အဖွဲ့က ပြောပါတယ်။

အခုအခါ နယ်စပ် အနီးတဝိုက်မှာ အစ္စရေးတို့က နောက်ထပ် တပ်ဖွဲ့ဝင်တွေ တိုးမြှင့် ချထားလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ