လိင်ပိုင်း စော်ကားခံရသူတွေနဲ့ ပုပ်ရဟန်းမင်း တွေ့ဆုံ

  • 7 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AP
Image caption ကက်သလစ် ဘုန်းကြီးတွေရဲ့ လိင်ပိုင်း စော်ကားမှုတွေကို တိုက်ဖျက်ဖို့ ပုပ်ရဟန်းမင်း ကတိပြုထား

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် Francis ဟာ ရိုမန် ကက်သလစ် ဘုန်းကြီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်မှုကို ခံခဲ့ရသူ ဓားစာခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ ပုပ်ရဟန်းမင်းအဖြစ် သူ ရွေးကောက်ခံခဲ့ရ ပြီးကတည်းက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

အဲဒီ ဓားစာခံ ၆ ဦးဟာ အိုင်ယာလန်၊ ဗြိတိန်နဲ့ ဂျာမနီ နိုင်ငံတွေက ဖြစ်ပြီး ပုပ်ရဟန်းမင်းရဲ့ မနက်ပိုင်း သီးသန့် ဝတ်ပြု စည်းဝေးပွဲကို သူတို့ လာတက်ခဲ့ အပြီးမှာ ပုပ်ရဟန်းမင်းကြီးက သူ့အိမ်တော်မှာ တွေ့ဆုံခဲ့တာပါ။

ဒီတွေ့ဆုံမှုဟာ လူတွေ အမြင်ကောင်းအောင် သက်သက် စတန့်ထွင်တာပါလို့ မတော်မတရား ပြုကျင့်ခံရသူတွေထဲက တဦးကို အထောက်အပံ့ပေးတဲ့ အဖွဲ့က ပြောဆိုလိုက်ပြီး ဗာတီကန် နန်းတော် ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ ဒါကို ငြင်းဆိုပါတယ်။

ကလေးငယ်တွေ မတော်မတရား ပြုကျင့်မခံရအောင် ကာကွယ် စောင့်ရှောက်ဖို့နဲ့ မတော်မတရား ပြုကျင့်သူ ဘုန်းကြီးတွေကို အရေးယူ ကိုင်တွယ်ဖို့ အဖွဲ့တဖွဲ့ကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဖွဲ့စည်းပေးထားပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ