အမေရိကန် လက်ထောက်ဝန်ကြီး ဘာရိန်းနှင်ထုတ်

  • 8 ဇူလိုင် 2014
bahrain ဓာတ်ပုံ မူပိုင် Reuters
Image caption ရှီအာ လူများစု နေ့စဉ် ဆန္ဒပြ တောင်းဆို

အဆင့်မြင့် အမေရိကန် သံတမန် Tom Malinowsky ကို ရှီအာ အတိုက်အခံ ခေါင်းဆောင် တယောက် နဲ့ တွေ့ဆုံ ခဲ့တဲ့ အတွက် ဘာရိန်း နိုင်ငံ က ချက်ချင်း ထွက်သွား ဖို့ ဘာရိန်း အာဏာပိုင် တွေက အမိန့်ပေး ခဲ့ပါတယ်။

ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ အလုပ်သမား ရေး အတွက် လက်ထောက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Tom Malinowsky ဟာ ဘာရိန်းကို ၃ ရက် လာရောက် လည်ပတ်စဉ် မှာ နိုင်ငံရေး အုပ်စုချင်း မသင့်မြတ် အောင် လုပ်ပြီး ဘာရိန်း ပြည်ထဲရေးကို ဝင်စွက်ဖက်တယ် လို့ ဘာရိန်း နိုင်ငံခြားရေး ဌာနက စွပ်စွဲ ခဲ့ပါတယ်။

ဆွန်နီ မွတ်ဆလင် ဘုရင် အုပ်ချုပ်တဲ့ ဘာရိန်း နိုင်ငံမှာ နိုင်ငံရေး လွတ်လပ်မှု၊ ညီမျှမှု တွေ ရဖို့ ရှီအာ လူများစု က နေ့စဉ် ဆန္ဒပြ တောင်းဆို နေတာတွေ ရှိပါတယ်။

ဘာရိန်းမှာ အရေးကြီးတဲ့ အမေရိကန် ရေတပ် စခန်းတခုလဲ ချထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ