အင်္ဂလန် ပါလီမန် ရင်ပြင်မှာ ဂန္ဒီရုပ်ထု စိုက်ထူမယ်

  • 8 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AP
Image caption ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟေ့ဂ် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီနဲ့ တွေ့ဆုံစဉ်

ဗြိတိန် အစိုးရက မဟတ္တမ ဂန္ဒီရဲ့ ရုပ်ထုကို လန်ဒန်မြို့ ပါလီမန် ရင်ပြင်မှာ စိုက်ထူဖို့ စီစဉ်နေတဲ့ အကြောင်း ထုတ်ဖော် ကြေညာလိုက်ပါတယ်။

လာမယ့် နှစ်မှာ ရုပ်ထု ဖွင့်လှစ်နိုင်မယ် လို့လည်း ဆိုပါတယ်။

ကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့တဖွဲ့ကို ဦးဆောင်ပြီး အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ ရောက်ရှိနေတဲ့ ဗြိတိသျှ အစိုးရ ထိပ်တန်း ဝန်ကြီးတွေက အခုလို ထုတ်ဖော် ကြေညာလိုက်တာပါ။

ကမ္ဘာပေါ်မှာ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်တဲ့ အိန္ဒိယရဲ့ ဖခင် မဟတ္တမ ဂန္ဒီရဲ့ ရုပ်ထုဟာ ကမ္ဘာ့ ပါလီမန်တွေရဲ့ ပင်မ မိခင်ဖြစ်တဲ့ အင်္ဂလန်ရဲ့ ပါလီမန်ရှေ့မှာ ထားရှိဖို့ အသင့်တော်ဆုံးပဲလို့ ဗြိတိသျှ စီးပွားရေး ဝန်ကြီး ဂျော့ဂျ် အော့စဘုန်း George Osborne က ပြောပါတယ်။

ပါလီမန် ရင်ပြင်ဟာ ဝင်စတန် ချာချီ၊ နယ်ဆင် မန်ဒဲလားတို့ အပါအဝင် ဗြိတိသျှနဲ့ ပြည်ပ နိုင်ငံတွေက ခေါင်းဆောင်ကြီးတွေရဲ့ ရုပ်ထု အတော်များများကို စိုက်ထူထားရာ နေရာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ