ဆိုမာလီ သမ္မတ အိမ်တော် တိုက်ခံရပြန်

  • 8 ဇူလိုင် 2014
al-Shabab ဓာတ်ပုံ မူပိုင် AP
Image caption al-Shabab တွေ မိုဂါဒစ်ရှူး က မောင်းထုတ် ခဲ့

မိုဂါဒစ်ရှူး မြို့တော်က ဆိုမာလီ သမ္မတ အိမ်တော် ကို al-Shabab စစ်သွေးကြွ တွေက ဝင်ရောက် တိုက်ခိုက် ခဲ့ပါတယ်။

အိမ်တော် အဝင်ဝ က အတားအဆီး ကို ကားဗုံးထောင် တိုက်ခိုက် ပြီး စစ်သွေးကြွတွေ အိမ်တော်ဝင်း ထဲ ဝင်လာတယ် လို့ မိုဂါဒစ်ရှူး က ဘီဘီစီ သတင်းထောက် က ပြောကြား ပါတယ်။

တိုက်ခိုက် ခံရချိန်မှာ ဆိုမာလီ သမ္မတ Hassan Sheikh Mohamud အိမ်တော် မှာ မရှိဘူး လို့လဲ ပြောပါတယ်။

အခြေအနေကို ထိန်းသိမ်း နိုင်ပြီး စစ်သွေးကြွ တွေကို တိုက်ထုတ် နိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်သွေးကြွ ၅ ယောက် အနည်းဆုံး သေဆုံးတယ်လို့ အာဏာပိုင် တွေက ထုတ်ပြန်ပါတယ်။

ဖေဖော် ဝါရီ လ တုန်းကလဲ ဆိုမာလီ သမ္မတ အိမ်တော်ကို al-Shabab တွေ ဝင်ရောက် တိုက်ခိုက် ခဲ့ပေမယ့် အိမ်ဝင်းထဲထိ မဝင်နိုင် ခဲ့ပါဘူး။

၂ဝ၁၁ ခုနှစ်က al-Shabab တွေကို မိုဂါဒစ်ရှူး က မောင်းထုတ် ခဲ့ပေမယ့်လဲ ပြောက်ကျား စစ်ဆင်ရေးနဲ့ ဆက်လက် တိုက်ခိုက် နေတုန်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ