တောင်ကိုရီးယား သင်္ဘောနစ်မြုပ်မှု အစီရင်ခံစာ ထွက်

  • 8 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AP
Image caption ခရီးသည် ၄၇၆ ဦး အနက် ၂၉၃ ဦး သေဆုံးပြီး ၁၁ ဦး ပျောက်ဆုံးဆဲ

တောင်ကိုးရီးယား နိုင်ငံမှာ ဧပြီလတုန်းက လူ ၃ ရာ နီးပါး သေဆုံးခဲ့ရတဲ့ ခရီးသည်တင် သင်္ဘော နစ်မြုပ်ခဲ့မှုဟာ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေရဲ့ လျစ်လျူရှုမှုနဲ့ အဂတိ လိုက်စားမှုတွေကြောင့် ဖြစ်ကြောင်း အစိုးရ အစီရင်ခံစာ တစ်ခုမှာ ဖော်ပြထားပါတယ်။

စည်းမျဉ်း စည်းကမ်း လျော့ရဲမှု၊ ဘေးကင်း လုံခြုံမှုဆိုင်ရာ စစ်ဆေးရေး နည်းပါးမှုတွေ ရှိနေတဲ့အပြင် Sewol ဆေးဝါးလ် ခရီးသည်တင် သင်္ဘောဟာ ပြန်လည် ပြုပြင် မွမ်းမံပြီး တရားမဝင် လိုင်စင်နဲ့ ပြေးဆွဲနေတာ ဖြစ်ကြောင်း အဲဒီ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် သင်္ဘော နစ်မြုပ်ချိန်မှာ ကမ်းခြေစောင့် တပ်ဖွဲ့ဝင်တွေရဲ့ တုန့်ပြန် ဆောင်ရွက်မှု နှေးကွေးခဲ့တာ၊ လစ်ဟာ ချို့ယွင်းခဲ့တာတွေနဲ့ ပတ်သက်လို့လည်း ဝေဖန် ထောက်ပြထားပါတယ်။

သင်္ဘော ကက်ပတိန်နဲ့ သင်္ဘော ဝန်ထမ်း ၁၄ ဦးကို ရုံးတင် စစ်ဆေးနေချိန်မှာပဲ ဒီအစီရင်ခံစာ ထွက်ပေါ်လာတာပါ။

တရားရုံးမှာ ပြသခဲ့တဲ့ သင်္ဘော နစ်မြုပ်တဲ့ နောက်ဆုံးအချိန် ဗီဒီယို ရုပ်ပုံတွေကို ကျန်ရစ်သူ မိသားစုတွေ တွေ့မြင်ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ