ဘဂ္ဂဒက် တောင်ပိုင်းမှာ အလောင်း ၅၀ ကျော် တွေ့ရှိ

  • 9 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဆွန်နီတွေကို တိုက်ဖို့ စစ်တပ်ထဲ ဝင်လာတဲ့ ရှီအိုက် မွတ်ဆလင်တွေ

ဘဂ္ဂဒက်မြို့ တောင်ပိုင်း ဒေသ တစ်ခုမှာ သေနတ် ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ လူသေ အလောင်း ၅၀ ကျော်ကို မျက်နှာတွေ အဝတ်စည်းပြီး လက်တွေ ကြိုးတုပ်လျက် အနေအထားတွေနဲ့ တွေ့ခဲ့ရတယ်လို့ အီရတ် အာဏာပိုင်တွေက ပြောပါတယ်။

ရှိအိုက်တွေ အများစု နေထိုင်ရာ ဟီလာ Hillah မြို့ အပြင်ဘက်မှာ အခုလို တွေ့ရတာ ဖြစ်ပါတယ်။

ဒီလူတွေ ဘာအကြောင်းနဲ့ အသတ်ခံခဲ့ရတယ် ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တဖက်မှာလည်း ကာဒစ်တွေ ထိန်းချုပ်ထားတဲ့ အာဘီ Irbil နယ်ဟာ ဆွန်နီ စစ်သွေးကြွတွေရဲ့ ပစ်မှတ် ဖြစ်လာနေတယ်လို့ အီရတ် ဝန်ကြီးချုပ် မာလီကီက ထုတ်ဖော် ပြောဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ