ဂါဇာကိုသိမ်းဖို့ အစ္စရေးတပ် ဝင်လာနိုင်

  • 10 ဇူလိုင် 2014
_palestine_israel_strike ဓာတ်ပုံ မူပိုင် Reuters
Image caption ဂါဇာကို လေကြောင်းက အတိုက်ခံရစဉ်

အစ္စရေးရဲ့ ပစ်မှတ်တွေ ဆက်လက် အတိုက်အခိုက် ခံနေရသ၍၊ ဂါဇာမှာ စစ်ရေးအရ အရေးယူမှုတွေ ပိုမို တိုးမြှင့် ဆောင်ရွက်မယ် ဆိုပြီး၊ အစ္စရေး ဝန်ကြီးချူပ် ဘန်ဂျမင် နာတန်ယာဟု က၊ ပြောလိုက်ပါတယ်။

ဂါဇာကမ်းမြှောင် ကို ယာယီ ပြန်လည် သိမ်းယူဖို့၊ ခြေလျှင်တပ်တွေ စေလွှတ်ဖို့ နီးစပ်လာတယ် ဆိုပြီးတော့လည်း၊ အစ္စရေး ထောက်လှမ်းရေးရာ ဝန်ကြီး ယူဗယ်လ် စတိုင်းနစ်ဇ် က ပြောပါတယ်။

လောလောဆယ်၊ ဂါဇာကမ်းမြှောင်မှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပိုမို ပြင်းထန်လာပြီး၊ အရပ်သား အများစု ဖြစ်တဲ့ ပါလက်စတိုင်း ၅၀ ကျော် သေဆုံး ခဲ့တယ် လို့ ၊ ဂါဇာမှာရှိ တဲ့ ကျန်းမာရေးဌာန က ဆိုပါတယ်။

ဂါဇာ အရေးနဲ့ ပတ်သက်ပြီး၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ဘဲန်ကီမွန်းက၊ ဂါဇာဟာ အခုဆို ဓါးသွားပေါ် လျှောက်နေရပြီး၊ အခြေအနေ ဆုတ်ယုတ် လာတာကနေ၊ ဘယ်သူမှ မကိုင်တွယ် မထိမ်းသိမ်း နိုင်တော့တဲ့ အဖြစ်မျိုး ရောက်သွား နိုင်တယ် ဆိုပြီး သတိပေးထားပါတယ်။ ဒါ့အပြင် မစ္စတာ ဘန်ကီမွန်းက ပါလက်စတိုင်း ဟားမတ်စ် အဖွဲ့ ကို ဒုံးကျည်သုံး တိုက်ခိုက်နေမှု တွေ ရပ်တန့်ဖို့ နဲ့၊ အစ္စရေးကိုလည်း လေကြောင်း တိုက်ခိုက်နေတာတွေ ရပ်ဖို့ တိုက်တွန်း လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ