လက်တွေ့မှာ HIVဆေးတွေ့ဖို့ မလွယ်သေး

  • 11 ဇူလိုင် 2014
HIV ဗိုင်းရပ်စ်ပိုး ဓာတ်ပုံ မူပိုင် ThinkStock
Image caption HIV ဗိုင်းရပ်စ်ပိုး

အမေရိကန်မှာ မွေးဖွားစဉ်HIV ပိုးတွေ့တဲ့ ကလေးငယ်ကို မွေးမွေးချင်း ဆေးကုသ ပေးတဲ့အတွက် ပျောက်သွားတယ်လို့ ယူဆရ ပေမယ့် အခုအခါ ဗိုင်းရပ်စ်ပိုး ဆက်ရှိနေတာ တွေ့ရပါတယ်။ အသက်၄နှစ် အရွယ် မိန်းကလေးကို ပြီးခဲ့တဲ့ အပတ်ကဆေးစစ်ရာမှာ သူဟာရောဂါ ပျောက်ကင်းတယ်လို့ မပြောနိုင်သေးကြောင်း ဆရာဝန်တွေက ဆိုပါတယ်။ အခုသတင်းဟာ စိတ်ပျက်စရာ ကောင်းတဲ့ ဖြစ်ထွန်းမှုလို့ မေရီလန်းရှိ ကူးစက် ရောဂါကုသရေး ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ အန်ထော်နီ ဖေါ်ဆီက ပြောပါတယ်။

မစ္စစ်စပီဘေဘီလို့ အမည်ပေးထားတဲ့ ကလေးမလေးဟာ တသက်လုံး HIV ကင်းဝေးတော့မယ်လို့ မျှော်လင့်ချက် ကြီးမားစွာ ထားခဲ့ပါတယ်။ ဗိုင်းရပ်စ် တိုက်ဖျက်ရေး ဆေးတွေက သွေးထဲမှာ ဗိုင်းရပ်တွေကို ထိန်းထားလို့ ရပေမယ့် အူတို့ဦးနှောက်တို့လို နေရာတွေမှာ reservoirs လို့ခေါ်တဲ့ ခိုအောင်းစရာ နေရာတွေ ရှိနေပါတယ်။

ဆေးကုတာ ရပ်လိုက်တာနဲ့ ပိုးတွေဟာ အဲဒီနေရာတွေကနေ ပြန်ခေါင်းထောင်လာပြီး ပြန်ရောဂါထတော့တာ ဖြစ်ပါတယ်။ ဆရာဝန်တွေက မွေးမွေးချင်း ဆေးကုရင် reservoirs တွေမပေါ်ပေါက်နိုင်ဘူးလို့ မျှော်လင့်ခဲ့ ကြပါတယ်။ အခုတော့ ဒီလိုဖြစ်မလာပါဘူး။

အခုတွေ့ရှိချက်ကြောင့် HIV ပိုးကိုနှိမ်နင်းဖို့ ဘယ်လောက်ခက်ခဲပြီး ပျောက်အောင်ကုဖို့ ဘယ်လောက် အလှမ်းဝေး သေးတယ်ဆိုတာ သတိပေးလိုက်သလို ဖြစ်တယ်လို့ ဘီဘီစီ ကျန်းမာရေး ဆိုင်ရာ သတင်းထောက် James Gallagharက ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ