အိန္ဒိယ ဖွံ့ဖြိုးရေး ဘတ်ဂျက်သစ် အစိုးရသစ် ထုတ်ပြန်

  • 10 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption အိန္ဒိယ ဘဏ္ဍာရေး ဝန်ကြီးသစ် (လယ်)

အိန္ဒိယ နိုင်ငံမှာ မေလက ရွေးကောက်ပွဲ နိုင်ပြီး တက်လာတဲ့ အစိုးရသစ်ရဲ့ ပထမဆုံး ဘတ်ဂျက်မှာ ဖွံ့ဖြိုးမှုတွေ တိုးမြင့်သွားမယ်လို့ ကတိပေး ဖော်ပြလိုက်ပါတယ်။

ကြံ့ခိုင် သန်စွမ်းတဲ့ အိန္ဒိယ နိုင်ငံသစ်ကို တည်ဆောက် သွားမယ်လို့ အိန္ဒိယ ဘဏ္ဍာရေး ဝန်ကြီးသစ် Arun Jaitley က ပြောကြား သွားပါတယ်။

လမ်းတံတား ဆိပ်ကမ်းနဲ့ လျှပ်စစ် စွမ်းအင် ထုတ်လုပ်ရေးလို တိုင်းပြည်ရဲ့ အခြေခံ အဆောက်အအုံတွေ တည်ဆောက်ရာမှာ ဘတ်ဂျက်ကို ပိုမို သုံးစွဲသွားမယ်လို့ သူက ကြေညာ ခဲ့ပါတယ်။

အခွန်စနစ် ပြုပြင်ရေးနဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ပိုမို တိုးမြှင့်ရေးတွေ ဆောင်ရွက်သွားမယ် လို့လည်း ဘဏ္ဍာရေး ဝန်ကြီးက အိန္ဒိယ လွှတ်တော်မှာ ပြောကြား ခဲ့ပါတယ်။

ကုန်ကျ စရိတ် ကြီးမြင့်ပြီး လူကြိုက်များတဲ့ အစီအစဉ်တွေဖြစ်တဲ့ အစားအစာနဲ့ လောင်စာ ထောက်ပံ့ရေး အစီအစဉ် တွေကို အဆုံးသတ် တော့မယ် လို့လည်း သူက ဖော်ပြ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ