အီရတ် ရေနံတွင်း ၂ တွင်းကို ကာ့ဒ်တွေ ထိန်းချုပ်

  • 11 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် GETTY IMAGES
Image caption ပြီးခဲ့တဲ့လက ကာကွတ်မြို့ထဲ ဝင်ရောက်လာတဲ့ ကာ့ဒ် လက်နက်ကိုင်တွေ

အီရတ်နိုင်ငံ မြောက်ပိုင်း ကာကွတ် Kirkuk မြို့ အနီးက အရေးပါတဲ့ ရေနံတွင်း ၂ ခုကို ကာ့ဒ် လက်နက်ကိုင်တွေက ထိန်းချုပ်ထားတယ်လို့ အီရတ် ရေနံ ဝန်ကြီးဌာနက စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

ဆွန်နီ ဂျီဟတ်တွေရဲ့ လျှပ်တပြက် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် အစိုးရတပ်တွေ ဆုတ်ခွာခဲ့ရ အပြီးမှာ ကာ့ဒ် ဒေသမှာ ရှိတဲ့ ပက်ရှ်မာဂါ လက်နက်ကိုင်တွေက ပြီးခဲ့တဲ့ လက ကာကွတ် မြို့ထဲကို ဝင်ရောက်ခဲ့တာပါ။

အီရတ် အစိုးရ အဖွဲ့ထဲမှာ ပါတဲ့ ကာ့ဒ်လူမျိုး ဝန်ကြီးတွေဟာ နေ့တဓူဝ လုပ်ငန်း တာဝန်တွေကို ရပ်ဆိုင်းလိုက်ကြောင်း ကာ့ဒ် လူမျိုး တဦး ဖြစ်တဲ့ အီရတ် နိုင်ငံခြားရေး ဝန်ကြီး ဟော့ရှ်ယာ ဇီဘာရီက ထုတ်ဖော် ကြေညာခဲ့ အပြီးမှာပဲ အီရတ် ရေနံ ဝန်ကြီးဌာနက အခုလို စွပ်စွဲလိုက်တာပါ။

သီးခြား ဖြစ်ရပ်တစ်ခု အနေနဲ့ အန်ဘာ Anbar ပြည်နယ်မှာ ဆွန်နီ လက်နက်ကိုင်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ အတွင်း အနည်းဆုံး အီရတ် ရဲ ၁၁ ဦး သေဆုံးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ